အသက်ရှူကျပ်လာနေတဲ့ မြေအိုးလုပ်ငန်း

By Development Media Group (DMG) / 2021 March 30

ရှေးယခင်ကတည်းက အစဉ်တစိုက်သုံးစွဲလာကြတဲ့ မြေအိုးတွေနေရာမှာ အစားထိုး ပလက်စတစ်ပစ္စည်းတွေ ဝင်ရောက်လာတာကြောင့် မြေအိုးသုံးစွဲသူတွေနည်းလာနေပြီး မြေအိုးလုပ်ငန်းတွေဟာလည်း အသက်ရှုကျပ်လာနေပါတယ်။

မြေအိုးရောင်းအားဟာ ယခင်ကထက် ၇၅ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တယ်လို့ မြေအိုးလုပ်ငန်းကို နှစ်ပေါင်း ၄၀ ကျော်ကြာ လုပ်ကိုင်လာခဲ့တဲ့ ရခိုင်ပြည်နယ်၊ မြေပုံမြို့က အိုးလုပ်ငန်းရှင် ဦးဝေတင်ကဆိုပါတယ်။

လက်ရှိမှာ လူအသုံးပြုမှုရှိနေသေးတဲ့ စိမ့်အိုး၊ အင်ဒုံ၊ ပန်းအိုးနဲ့ သောက်ရေးအိုး အနည်းငယ်ကိုပဲ အဲဒီအိုးလုပ်ငန်းမှာ ထုတ်လုပ်နေပါတယ်။

မြေအိုးအရောင်းအဝယ်နည်းပါးလာတာကြောင့် ယခင်ထက် လုပ်ငန်းကို လျော့ချလုပ်ကိုင်နေရပြီး အလုပ်သမားတွေကိုလည်း အနည်းငယ်သာ ခန့်ထားနိုင်ပါတော့တယ်။

အခုလို လုပ်ငန်းအဆင်မပြေပေမယ့် လုပ်ငန်းပျက်စီးသွားမှာစိုးရိမ်တာကြောင့် ရသလောက်နဲ့ပဲ လုပ်ငန်းကို ထိန်းထားရတယ်လို့ မြေပုံမြို့က အိုးလုပ်ငန်းရှင် ဦးဝေတင်ကပြောပါတယ်။

https://www.facebook.com/466648543487562/posts/1978426608976407/

Leave a Reply

Your email address will not be published.