By RFA/ 2021 March 5
■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စစ်တပ်နဲ့အစိုးရကို အလိုမရှိ ကြောင်း ဆန္ဒပြတောင်းဆိုလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားလေးဦးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဥပဒေပုဒ်မ ၂၉ နဲ့ ထပ်တိုးအမှုဖွင့်လိုက်ပါတယ်။ ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးမှာ သူတို့လေးဦးကို ရုံးထုတ်စစ်ဆေး တဲ့အခါမှာ ဘေးစီမံဌာနက ဦးစီအရာရှိ ဦးအောင်ဇံဝေက တရားလိုလုပ်ပြီး တရားစွဲလိုက်တာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က RFA ကိုပြောပါတယ်။ထမ်မံတရားစွဲခံရတဲ့သူတွေဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူပညာရေးကောလိပ်ကကိုမြတ်စိုးဝင်းတို့ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တပ်နဲ့အစိုးရကို အလိုမရှိကြောင်း စစ်တွေမြို့ပေါ်မှာ ဒေသခံ တစ်ရာခန့်နဲ့အတူ ဆန္ဒပြနေစဉ်အတွင်းမှာပဲ ရဲကဝင်ရောက်ဖမ်းဆီးသွားတာပါ။အဲဒီနောက် အောက်တိုဘာလ ၂၀ ရက်နေ့မှာ စစ်တွေမြို့နယ် ရဲမှူးဇော်နိုင်က တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅(ခ) တရားစွဲခဲ့ပြီး အဲဒီအမှုကို ရင်ဆိုင်နေတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးတရားစွဲခံထားရတဲ့ထဲက ကိုဦးသန်းနိုင်နဲ့ ကိုကျော်နိုင်ဌေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် ခံထားရပါတယ်။ ဒါကြောင့် သူတို့ ၂ ဦးကတော့ အမှု ၃ခုကို တပြိုင်တည်း ရင်ဆိုင်နေရတော့မှာပါ။အခုလို ကျောင်းသားတွေအမှုရင်ဆိုင်နေစဉ်အတွင်းမှာ နောက်ထပ် အမှုတစ်ခုနဲ့ ထပ်မံ တရားစွဲတာဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်က ပြောပါတယ်။ ကိုတိုးတိုးအောင်ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ က ကိုကျော်နိုင်ဌေး၊ ကို ဦးသန်းနိုင်တို့နဲ့အတူ ရခိုင်ပြည် နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့တရားစွဲခံထားရပြီး အာမခံရလို့ အပြင်ကနေ အမှုရင် ဆိုင်နေရတဲ့သူဖြစ်ပါတယ်။အခုလက်ရှိ သူတို့ လေးဦးကိုစစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ နောက်ရုံးချိန်းကို မတ်လ ၁၉ ရက်နေ့မှာ ထပ်မံချိန်းဆိုထားပါတယ်။အခုသူတို့ကို ထပ်မံစွဲဆိုတဲ့ ဘေးစီမံပုဒ်မ ၂၉ ဟာ တစ် နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။
https://www.facebook.com/39218993127/posts/10160886816468128/