ရခိုင်သမိုင်းသုတေသီ ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်)အန္တိမ အဂ္ဂိဈာပနပွဲတော်ကို ရခိုင်ရိုးရာဓလေ့ထုံးစံနှင့်အညီ ဆင်ယင်ကျင်းပမည်

By Narinjara/ 2021 March 18

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မင်းဗာကြီးလမ်း၊ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တကုသလ (ဂန္တဝါစကပဏ္ဍိတ / မဟာသဒ္ဓမ္မဇောတိကဓဇ) ရခိုင်သမိုင်း သုတေသီ ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်)၊ ပြည်နယ်သံဃာ့မဟာနာယက(ဒု-ဥက္ကဋ္ဌ)၊ ရက္ခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး-နာယက၊ ငွေသဇင်ဖောင်ဒေးရှင်း ဦးစီးပဓာနနာယကဆရာတော်၏ အန္တိမ အဂ္ဂိဈာပနသာဓုကီဠနသဘင်ကို ရခိုင်ရိုးရာဓလေ့ထုံးစံနှင့်အညီ ဆင်ယင်ကျင်းပသွားမည်ဟု သတင်းရရှိသည်။

သက်တော်(၆၀)၊ သိက္ခာတော်(၃၉)ဝါတွင် ဘဝနတ်ထံပျံလွန်မူခဲ့သော ဆရာတော်၏ကြွင်းကျန်ခဲ့သော ဥတုဇရုပ်ကလာပ်တော်ကို ၁၃၈၂ခု တပေါင်းလပြည့်ကျော် ၇/၈ ရက် ခရစ်နှစ်(၂၀၂၁ခုနှစ် ဧပြီလ ၃/၄ရက် စနေ/တနင်္ဂနွေနေ့)နေ့များတွင် အစီအစဉ်တကျ အန္တိမ အဂ္ဂိဈာပနသာဓုကီဠန သဘင် ဆင်ယင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဈာပနပွဲတော်အတွင်း ရခိုင်(မြင်းဖော်) ကတလားအက၊ ဧယဉ်ကျူး၊ ရခိုင်ရိုးရာ ကျင်ပွဲ၊ ဒုံးတိုက်ပူဇော်ပွဲများကို ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ ဈာပပွဲတော်သို့ တက်ရောက်ပါရန် ရပ်နီးရပ်ဝေးမှ ဒါယကာ၊ ဒါယိကာမ အပေါင်းတို့အားလည်း ဖိတ်ကြားထားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4141771822501530

Leave a Reply

Your email address will not be published.