ရခိုင်မှအကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် လူပေါင်း ၆၀၀ ခန့် ပြန်လည်လွတ်မြောက်လာနိုင်

By Western News/ 2021 March 11

ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှပြန်လည်ရုပ်သိမ်းကြောင်းကြေညာပြီးနောက် ရခိုင်မှ အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲခံထားရသည့် လူပေါင်း ၆၀၀ ဝန်းကျင်ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း တရားလွှတ်‌တော်ရှေ့နေဦးအောင်ကျော်စိန်ကပြောသည်။ရက္ခိုင့်တပ်တော်ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှပယ်ဖျက်လိုက်သည့်အတွက် ဥပဒေကြောင်းအရ အကြမ်းဖက် ပုဒ်မတို့နှင့် ထောင်ချခံထားရသူများနှင့် အမှုရင်ဆိုင်နေရသူများ စွဲထားသည့်အမှုမှရုတ်သိမ်းပေးရမည် ဖြစ်ကြောင်းရှေ့နေဦးအောင်ကျော်စိန်ကပြောသည်။ “လောလောဆယ်မှာတော့ အကြမ်းဖက်အဖွဲ့ကပယ်ဖျက်လိုရင်နောက်ဆက်တွဲက ဥပဒေသဘောအရပြောရရင် အကြမ်းဖက်မှုနဲ့ထောင်ချထားတဲ့လူတွေကိုလွတ်ငြိမ်းချမ်းသာနဲ့ပြန်လွတ်ပေးရဖို့၊ ထောင်မကျသေးတဲ့လူတွေ ဆိုရင်တော့ အမှုကရုတ်သိမ်းပေးရဖို့ပါပဲ။ အကြမ်းဖက်အပုဒ်မနဲ့တရားစွဲခံထားရတဲ့သူ ၆၀၀ လောက်လွတ်လာနိုင်တယ်” ဟု ပြောသည်။အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသော ရက္ခိုင့်တပ်တော်ကို မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ယနေ့မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ကြောင်းကြေညာလိုက်သည်။

https://www.facebook.com/102405104899336/posts/247063090433536/

Leave a Reply

Your email address will not be published.