ရခိုင်မြို့နယ် ၆ မြို့နယ်တွင် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းများပေးနေ

By Western News/ March 1 / 2021

Western News-မတ် ၁ ရက်
စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် မိုင်းအန္တရာယ်လျော့ချရေးဆိုင်ရာ အသိပညာပေးသင်တန်းများကို ရခိုင်တိုင်းရင်းသားနွယ်စုများအစည်းအရုံး (REC) ကဦးဆောင်ပြီး ဆောင်ရွတ်ပေးနေကြောင်းသိရသည်။
စစ်ရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် ‌ဒေသများရှိ ‌ဒေသခံပြည်သူများ၏ အသက်အန္တရာယ်နှင့် ထိခိုက်နစ်နာမှုများကို လျော့ချနိုင်ရေးအတွက် ယခုလို မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ရခိုတိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) ၏ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“အဓိကတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ မြေမြုပ်မိုင်း၊ စစ်ကျန်လက်နက်ခဲယမ်းစတာတွေကြောင့် ‌ဒေသခံတွေရဲ့ အသက်အန္တရာယ်နဲ့ ထိခိုက်မှုတွေကို လျော့ချဖို့ရွယ်ရည်တာပေါ့” ဟုပြောဆိုသည်။
လက်ရှိတွင် မိုင်းအန္တရာယ်လျော့ချရေးဆိုင်ရာအသိပညာပေး သင်တန်းများကို မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်များရှိ ‌ဒေသခံပြသည်သူ ၆ ထောင်ကျော်ခန့်ကို ပို့ချပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းများကို USAID မှ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့ပေးပြီး၊ The Halo Trust မှနည်းပညာအကူအညီးများဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ မတ်လအကုန်ထိ သင်တန်းများပို့ချပေးသွားမည်ဖြစ်သည်။
တပ်မတော်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစ၍ စစ်တွေ-အမ်း ကားလမ်းတစ်လျောက် အပါအဝင် ရသေ့တောင်၊ အငူမော်နှင့် ခမောင်းဆိပ်လမ်းတို့ကို မိုင်းရှင်းလင်းရေးများလုပ်နေသော်လည်း မြေမြုပ်မိုင်းပေါက်ကွဲ၍ ဒေသခံပြည်သူများမှာ ထိခိုက်ဒဏ်ရာရမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော်တို့၏ ၂ နှစ်တာ တိုက်ပွဲများကြား မြေမြှပ်မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ပြီးခဲ့သည့်၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ အရပ်သား သေဆုံးသူ ၄၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရ ရှိသူ ၇၇ ဦးထိရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး၏ စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/240386047767907/

Leave a Reply

Your email address will not be published.