By Mizzima/ 2021 March 3
ရခိုင်ပြည်နယ် ဂွမြို့တွင် စစ်အာဏာသိမ်းယူပြီး ဖေဖော်ဝါရီလ(၃)ရက်နေ့မှစ၍ ဆန့်ကျင်ဆန္ဒပြပွဲများကို လူထောင်ချီနှင့် ဂွမြို့ရှိ ရက်ကွက်အစုံလှည့်လည်၍ဆန္ဒဖော်ထုတ်မှုများ ကျင်းပပြုလုပ်နေကြသည်။ရဲတပ်ဖွဲ့နှင့်စစ်တပ်မှ ဆန္ဒပြသည့်အချိန်တိုင်း အင်အားများ လက်နှက်များဖြင့် လိုက်လံပိတ်ဆို့လျှက်ရှိပြီး ပြည်သူများက ပိတ်ဆို့ထားသောလမ်းများအား ရှောင်ရှား၍ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသည်။နေ့စဥ်နီးပါးဆန္ဒထုတ်ဖော်မှုများပြုလုပ်နေကြသော ဂွမြို့တွင် ဆန္ဒပြသူများထဲမှ ဖမ်းဆီးခံရသူ (၂)ဦးရှိခဲ့ပြီး ၎င်းတို့အား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အာဏာပိုင်များမှ အမှုဖွင့် တရားဆွဲဆိုထားကြောင်းသိရသည် လက်ရှိတွင် ၎င်းတို့အား ဂွမြို့ရဲစခန်းတွင် ဖမ်းဆီးထားကြောင်းလည်း ဒေသခံတစ်ဦးမှပြောသည်။”ဆန္ဒပြတဲ့ ပြတာနဲ့ပတ်သတ်ပြီး အဖမ်းခံထားရတာ နှစ်ယောက်ရှိတယ် အခုတော့ရဲစခန်းကို တပ်ကပြန်လွှဲပေးတယ် အခုသူတို့နှစ်ယောက်က ဂွမြို့ရဲစခန်းမှာပါ မိသားစုနဲ့လဲတွေ့ခွင့်ရပါတယ်”ဟုဒေသခံတစ်ဦးမှပြောသည်။လက်ရှိအခြေအနေတွင် ဂွမြို့ရှိ ကင်းရုံး၊ရွာမ၊မြို့သစ် ရက်ကွက်သုံးခုလုံးတွင် ဆန္ဒပြမှုများပြုလုပ်လျှက်ရှိပြီး ညပိုင်းများတွင် တစ်နိုင်ငံလုံးမှ ဆန္ဒပြမှုနှင့်ပတ်သတ်ပြီး သေဆုံးသွားသူများအတွက် ဆုတောင်းပွဲများပြုလုပ်လျှက်ရှိသည်ဟုလည်းသိရသည်။
https://www.facebook.com/216265185075061/posts/4152775538090653/