ရခိုင်ပြည်နယ်ဂွမြို့ဆေးရုံသို့စစ်တပ်မှ လက်နှက်များကိုင်ဆောင် ဝင်ရောက်လာသဖြင့်ဆေးရုံအုပ်ကြီးမှတားဆီး

By Mizzima/ 2021 March 7

ရခိုင်ပြည်နယ်ရှိဂွမြို့ဆေးရုံသို့ စစ်တပ်မှလက်နှက်များဖြင့် မတ်လ၇ရက်နေ့နံနက် ၆နာရီကျော်က ဝင်ရောက်လာခဲ့ခြင်းကြောင့် ဆေးရုံအုပ်ကြီးမှတားဆီးခဲ့ခြင်းဖြစ်သည်။ဆေးရုံတွင်းရှိလူနာများ အထိတ်တလန့်ဖြစ်မည်ကိုစိုးရိမ်သဖြင့် ဆေးရုံပြင်ပတွင်သာနေရန်ဆေးရုံအုပ်ကြီးမှပြောဆိုခဲ့ပြီး ဆေးရုံအဝင်ဝတွင် နှစ်နာရီနီးပါး စစ်တပ်များရှိနေခဲ့သည်ဟုသိရသည်။”ဘာအကြောင်းကိစ္စရှိလို့လာတယ်ဆိုတာတော့မသိဘူး ဆရာဝန်ကြီးကထွက်ပြောတော့ သူတို့အထက်ကိုတင်ပြနေတာတော့တွေ့တယ် မနက် ၈နာရီကျော်လောက်ထိနေပြီး ပြန်သွားကြတယ်”ဟုဒေသခံတစ်ဦးမှပြောသည်။ဂွမြို့တွင် ဖေဖော်ဝါရီလ(၃)ရက်နေ့မှစ၍ စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ပြီး ယနေ့မတ်လ(၇)ရက်နေ့တွင် ပြည်သူအင်အားအများအပြားဖြင့်ဂွမြို့အတွင်းရှိရပ်ကွက်များတွင်လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟုသိရသည်။

https://www.facebook.com/216265185075061/posts/4164842096883997/

Leave a Reply

Your email address will not be published.