By Narinjara/ March 1 / 2021
ဇော်ဝင်းဌေး( ငခူချောင်း)နိရဉ္စရာ၊ မတ် ၁ / ၂၀၂၁ရခိုင်ပြည်နယ်တွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှု သိသိသာသာကျဆင်းလာသောကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်နိုင်ရေး( stay at home) အစီအစဉ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ထားသည်။အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ရေးသားထုတ်ပြန်ထားသည်။၁။ “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်ရန် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပါသည်။၂။ ယင်းသို့ stay at home အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ပါအခြေအနေများကို တွေ့ရှိရပါသည်။(က) ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှစ၍ covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိမှု သိသိသာသာကျဆင်းလာခြင်း၊(ခ) ဓာတ်ခွဲအတည်ပြုလူနာများမှလည်း လူတစ်ဦးမှ တစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု မရှိခြင်း။(ဂ) stay at home အစီအစဉ်ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊(ဃ) မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ခြင်း”ဟု ပါရှိသည်။ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရောဂါထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ တိုးတက်မှုရှိသည်ကို တွေ့ရှိရသဖြင့် မတ်လ ၁ ရက်မှစ၍ ယင်းမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်ဟုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။
https://www.facebook.com/151742128171206/posts/4092589027419810/