ရက္ခိုင့်တပ်တော်(AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပြန်လည်ရုပ်သိမ်း

By Narinjara/ 2021 March 11

ရက္ခိုင့်တပ်တော်(AA)အဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ယနေ့ မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၂၁ အရ United League of Arakan (ULA) /Arakan Army (AA)လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းမှ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ အဆိုပါအမိန့်ကြေညာစာတွင် “အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။၁။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် United League of Arakan (ULA) /Arakan Army (AA)လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၃.၃.၂ဝ၂ဝ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂ဝ၂၁)ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါသည်။၂။ ယခုအခါ အဆိုပါ United League of Arakan (ULA) /Arakan Army (AA)လက်နက်ကိုင်အဖွဲ့သည် အကြမ်းဖက်လုပ်ငန်းများကို ပြုလုပ်ခြင်းမရှိတော့သဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့်လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်ရန်အတွက်လည်းကောင်း၊ ယင်းအဖွဲ့အား ၂ဝ၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစ၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းလိုက်သည်။”ဟု ဖော်ပြပါရှိသည်။

https://www.facebook.com/151742128171206/posts/4120103978001648/

Leave a Reply

Your email address will not be published.