ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း မတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီက ကြေညာသည်။ ရက္ခိုင့်တပ်တော် AA ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည်။ ယခုကဲ့သို့ ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့မှရုပ်သိမ်းမှုအပေါ် ရခိုင်မှ ဒေသခံတို့၏ အမြင်များအား မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

By Western News/ 2021 March 11

ဦးခိုင်ကောင်းစံက(အမှုဆောင်ဒါရိုက်တာ) ဝံလက်ဖောင်ဒေးရှင်း၊

ရက္ခိုင့်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်လိုက်တာကို ကြိုဆိုပါတယ်။ နဂိုတည်းက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ရဖို့ အဖွဲမဟုတ်ဘူး။ ရခိုင်တမျိုးသားလုံးရဲ့အကျိုးအတွက် တော်လှန်ရေးတိုက်ဝင်ပွဲနေခြင်းရာဖြစ်တယ်။ အကြမ်းဖက်အဖွဲ့တောင်မကဘဲ မတရားအဖွဲ့ကပါ ပယ်ဖျက်ရဖို့ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှူတွေကို ရယူဖို့အတွက် တိုက်ပွဲဝင်နေလို့ဖြစ်တယ်။ ရခိုင်ပြည် ငြိမ်းချမ်းရေးအနေနဲ့တော့ တပ်မတော်ကလည်းအပစ်အခတ် ရပ်စဲထားသလို AA ဖက်ကလည်း ရပ်စဲထားတဲ့အခိုက်အတန့်လေးအချိန်တခုမှာတော့ တစုံတရာ ငြိမ်းချမ်းရေး ရနေတယ်ပေါ့။ အဓိကတော့ ငြိမ်းချမ်းရေးဆိုင်ရာ နှစ်ဘက်ဆွေးနွေးပွဲတွေပြုလုပ်ဖို့လိုတယ်။ အပြန်အလှန်ယုံကြည်မှူတွေ တည်ဆောက်ဖို့လိုတယ်။ နှစ်ဘက်အနေနဲ့ အွင်လိုင်းကနေ ပြုလုပ်ကြဖို့လို့တော့ မျော်လင့်ပါတယ်။ ရက္ခိုင့်တပ်တော်ကို ရခိုင်ပြည်နယ်ထဲမှာ အခြေတကျ နေမြေချခွင့်ပေးဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ရက္ခိုင့်တပ်တော်က ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေ ၊ တပ်မှူး အရာရှိတွေ နှဲ့ ရက္ခိုင့်တော်နဲ့ ဆက်စပ်သံသယတွေကြောင့် ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်သူလူထုတွေကို လွှတ်ပေးဖို့လို အပ်တယ်။ ဒါဆိုရင်တော့ တပ်မတော်အနေနဲ့ ရခိုင်လူထုတို့ရဲ့ ယုံကြည်မှုတွေကိုပို ရမှာဖြစ်တယ်။အကြမ်းဖက်အဖွဲ့ကရပ်စဲလိုက်သည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူဆက်ဆံမှုတွေ ၊ ရက္ခိုင့်တပ်တော်ရဲ့တောင်းဆိုမှုတွေ ၊ ရခိုင်လူထုရဲ့ဆုံးရှုံး နစ်နာမူတွေ၊ စစ်ပွဲကာလမှာ မတရားသတ်ဖြတ်ခံရတာတွေကိုပါ ကိုင်တွယ်ပြီးဖြေရှင်းပေးဖို့ လိုအပ်တယ်။

ဦးခင်မောင်လတ်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း) ရသေ့တောင်မြို့နယ်၊

အခုလို AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖက်လိုက်တဲ့အပေါ် ကြိုဆိုပါတယ် ၊ ရခိုင်လူမျိုးတွေအတွက် အရမ်းအကျိုးရှိပါတယ် ၊ ဒီကိစ္စပြီးသွားရင် အကြမ်းဖက်နဲ့ပတ်သက်လို့စွပ်စွဲခံထားရတဲ့ ရခိုင်ပြည်သူတွေ လွတ်ဖို့က သေချာသလောက်ပါပဲ။ လက်ရှိ စစ်ကောင်စီနဲ့ AA တို့ရဲ့ ဆွေးနွေးမူတွေ မြင့်မားလာနိုင်တယ် ၊ အပစ်အခတ်ရပ်စဲရေးအဆင့်တွေ ပိုမြင့်တက်လာနိုင်တယ် ၊ ငြိမ်းချမ်းရေးလမ်းစဉ် အနေနဲ့ ပိုပြီးမှခိုင်မာလာဖို့လို့လည်း ယုံကြည်တယ်။

ဦးဦးထွန်းဝင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ကျောက်တော်မြို့နယ်၊

“ AA ကို အကြမ်းဖက်အဖွဲ့လို့သတ်မှတ်လိုက်တည်းက ဒါဟာ ငြိမ်းချမ်းရေးကိုတည်ဆောက်မူအပိုင်းမှာ စစ်မှန်တဲ့ဖယ်ဒရီဒီမိုကရေစီကို သွားတဲ့လမ်းစဉ်မှာ အနှောင့်အယှက်ဖြစ်စေတယ်လို့ ကျွန်တော်တို့အနေနဲ့အမြဲလိုလို သုံးသပ်နေဖြစ်ခဲ့တယ်။ အဲ့လိုမဖြစ်သင့် ဘူးလို့လည်း ဝေဖန်ထောက်ပြခဲ့ကြတယ်။ အခုလို ပယ်ဖျက်လိုက်တာတွေ့ရတော့ ဝမ်းသာကြိုဆိုရဖို့ဖြစ်တယ်။ ရခိုင်ပြည်ထဲက ရက္ခိုင့်တပ်တော်နဲ့ဆက်စပ်ပြီးသံသယနဲ့ အကြမ်းဖက်တရားစွဲဆိုခံထားရတဲ့ သူတွေအများကြီးရှိတယ်။ ဒါပေမယ့် အခုလိုပယ်ဖျက် လိုက်တော့ သူတို့တွေ အများကြီးသက်သာမူတွေ ရရှိသွားမယ်လို့ မျော်လင့်ပါတယ် ၊ ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုဖြစ်လာ မလဲဆိုတာတော့ ခန်းမှန်းရခက်တယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲထားတော့ အခုလက်ရှိမြေပြင်အခြေအနေပေါ် ကြည့်ခြင်းဖြင့် ငြိမ်းချမ်းရေး အရသာကို အနည်းအကျဉ်း ခံစားရတယ်ပေါ့ ။ လွတ်လွတ် လပ်လပ်သွားလာလို့ရတယ်။ စစ်ဒဏ် ၊ ကိုဗစ်ဒဏ်တွေနဲ့ ထောင်းထောင်းကြည်နေခဲ့ရတဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးဟာ အခုအချိန်မှာ အသက်နည်းနည်းရှူခွင့်ရလာတယ်။ ဒါ့ကြောင့် ဒီလို ပယ်ဖျက်လိုက်တဲ့ အပေါ် ငြိမ်းချမ်းးတွေက် အခြေခံအကျဆုံးလို့ယူဆတယ်။

ဦးမြတ်ထွန်း( ဒါရိုက်တာ) ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့

အခုလို အကြမ်းဖက်အဖွဲ့အဖြစ်ကပယ်ဖျက်လိုက်တာကို ကြိုဆိုပါတယ်။ ဝမ်းမြောက်ပါတယ်။ လူမျိုးတမျိုးလွတ်မြောက်ဖို့အတွက် လုပ်တဲ့လမ်းစဉ်တခုဖြစ်လို့အမျိုးသားရေးဦးတည်ချက် အောင်မြင်ဖို့လို့မျော်လင့်မိတယ်။ အစကတည်းက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပြီးကြေငြာခဲ့တာကိုက စစ်ကောင်စီအနေနဲ့မှားတယ်လို့ ကျွန်တော် ယူဆမိတယ်။ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ကို ရှေ့တန်းစစ်မြေပြင်တနေရာမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ်အကြောင်းပြပြီးတော့ အကြမ်းဖက်လို့ ကြေငြာခဲ့တာဟာ တဖက်သတ်ဆန်လွန်းတယ်လို့မြင်တယ်။ အမှန်တကယ်အကြမ်းဖက်တာက AA ဘက် ကမဟုတ်ပါဘူး ၊ တပ်မတော်ကပဲ စစ်ရာဇဝတ်မှူကျူးလွန်တယ်။ လူ့အခွင့်အရေးချိုးပေါက်မှုတွေပြုလုပ်ကြတယ်။ နောက်ပြီးတော့ ဂျီနီဗာကွန်ဗီးရှင်း မှာ တပ်မတော်က စစ်ဥပဒေအရ လက်မှတ်ထိုးထားရတာတွေရှိတယ်။ စစ်သုံးပန်းတွေကို ဖမ်းမိရင် မသတ်ရ ၊ မဆဲဆိုရဘူး။ ပြုစုပေးရတယ်။ ဒါပေမယ့် တပ်မတော်ကတော့ အဲဒီဥပဒေတွေကို ချိုးဖောက်ခဲ့ကြတယ်။ AA ကကျတော့ တပ်မတော်ကဖမ်းမိတဲ့ စစ်သုံးပန်းတွေကို ဆေးကုသပေးတယ်။ ပြုစုစောင့်ရှောက်မူတွေပြုကြတယ်။ ဘယ်လိုပဲ့ဖြစ်ဖြစ်ပေါ့ အခုဆိုရင် ရခိုင်မှာ ၂ လကျော်ထိ အပစ်အခတ်ရပ်စဲထားတဲ့ အတွက် တိုက်ပွဲတွေမဖြစ်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မူမရှိဘူး။ အကြမ်းဖက်အဖွဲက အဖြစ်ကလည်း ပယ်ဖျက်လိုက်တယ် ဆိုတော့ ရခိုင်ပြည်အနေနဲ့ နည်းနည်းအေးချမ်းနေတယ်ပေါ့။ ဒီထက်ပိုငြိမ်းချမ်းချင်တာပေါ့ ။ ဒီလိုသာ နိုင်ငံရေးကို နိုင်ငံရေးအရ ငြိမ်းချမ်းရေးစွာဖြေရှင်းသွားမယ်ဆိုရင်တော့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဆောင်နိုင်မယ်လို့ မျောင်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်ထောင်စု ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို သွားနေတာဖြစ်တယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားတွေ လိုလားနေကြတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပဲ့ ဖြစ်ဖြစ် ၊ ကွန်ဖရင့်ဒေရှင်းပဲ့ဖြစ်ဖြစ်ပေါ့ ၊ တိုင်းရင်းသားတွေလိုလားချက်တွေ ကို လိုက်လျော့ဆောင်ရွက် ပေးစေချင်တယ်။

https://www.facebook.com/102405104899336/posts/247346667071845/

Leave a Reply

Your email address will not be published.