By Development Media Group / March 2 / 2021
ရေရှားပါးမှုနဲ့ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ သောက်သုံးရေရှားပါးမှုနဲ့ကြုံတွေ့နေရတဲ့အတွက် အနီးအနားမြောင်းတွေကနေ ရေခပ်ယူသုံးစွဲနေကြရပါတယ်။
ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့စစ်ဘေးရှောင်ဦးရေ ကိုးရာခန့်ရှိပြီးတော့ လက်ရှိမှာ ရေအခက်အခဲအပြင် စားဝတ်နေရေးအခက်အခဲတွေပါရှိနေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။
လတ်တလောမှာ အလုပ်အကိုင်မရှိတဲ့စစ်ဘေးရှောင်တွေဟာ ရေကို ဝယ်ယူသုံးစွဲနေကြရသလို မတတ်နိုင်တဲ့ သူတွေမှာတော့ အနီးအနားမြောင်းကရေတွေကို ခပ်ယူသုံးစွဲနေရတဲ့အတွက် ရောဂါဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေကြရပါတယ်။
https://www.facebook.com/466648543487562/posts/1956343074518094/