By Narinjara/ 2021 March 2
ဇွဲဓန (ကိန်းသာမြေ)
ဘူးသီးတောင်မြို့ တွင် ယနေ့ နံနက် ၉ နာရီခန့်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရသောကြောင့် ဒေသခံပြည်များနှင့် စစ်ဘေးရှောင်များ အကြား စိုးရိမ်မှုများရှိနေကြသည်ဟု ပြည်နယ်လွှတ်တာ်က ိုယ်စားလှယ်ဟောင်း ဦးထွန်းအောင်သိန်းက ပြောသည်။ “ မနေ့ကလည်း လက်နက်ကြီးပစ်သံ ၄ ချက်လောက်ကြားတယ်။ ဒီနေ့လည်း ၃ ချက်လောက် ပစ်သံကြားရတယ်။ ဘယ်နေရာက ပစ်လည်းဆိုတာကို မသိဘူး။ ဘာကြောင့် ပစ်တယ်ဆိုတာကိုလည်း မသိဘူး။ ပစ်သံကတော့ တပ်ရင်းတွေဘက်က ကြားတယ်။ ကျနော်လည်း အတိအကျ မသိဘူး။ ပစ်သံကိုတော့ ကြားရတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက်ပစ်သံတွေ ကြားလာတယ်ဆိုတော့ ရှေ့မှာဘယ်လိုဖြစ်လာမလဲဆိုတာကို စိုးရိမ်မှုတွေက ပိုများနေကြတယ်။ ဒီနေ့ မနက်က ကျနော် သွားခဲ့တဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ဘေးရှောင်တစ်ချို့ဆိုရင် ပစ်သံတွေကြားရဆိုတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ ရှိနေတယ်ဆိုကို မြင်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။လက်နက်ကြီးပစ်သံများကြားလိုက်ရ၍ စစ်ဘေးရှောင်ပြည်သူ အများစုက စိုးရိမ်စိတ်များ ဝင်နေကြသည်ဟု ဘူးသီးတောင် ရန်အောင်မြေ စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးဝင်းမောင်က ပြောသည်။“ ကျနော်ကတော့ ပစ်သံ ၃ ချက် ကြားလိုက်တယ်။ ပစ်သံကြားလိုက်ရဆိုတော့ ကျနော်တို့က တိုက်ပွဲတွေ ပြန်ဖြစ်နေပြီလား မသိဆိုပြီး စိုးရိမ်စိတ်တွေ ရောက်သွားတယ်။ ဘာကြောင့် ပစ်လဲဆိုတာကို ကျနော်လည်း မသိဘူး။ ဒီမှာရှိတဲ့ စစ်ဘေးရှောင်အများစုက စိုးရိမ်စိတ်တွေ ဖြစ်သွားကြတယ်” ဟု ၄င်းက ပြောသည်။လက်နက်ကြီးပစ်ခတ်သံကို ဘူးသီးတောင်မြို့ အနောက်ဘက်တွင် တည်ရှိသည့် စစ်တပ်ရင်းဘက်က ကြားလိုက်ရသည်ဟု (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးမောင်လှိုင်စိုးက အတည်ပြု ပြောဆိုသည်။လက်နက်ကြီးပစ်သံ ကြားရသောကြောင့် ဒေသခံပြည်သူများ သတိထား နေထိုင်လျက်ရှိကြောင်း င/ကျိုင်တောက်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။“ ဒီနေ့ လက်နက်ကြီး ပစ်သံ ၃ ချက်လောက် ကြားလိုက်ရတယ်။ ရွာအနီးမှာတော့ ၅၃၅ နဲ့ ၃၅၃ တပ်ရင်းတွေရှိတယ်။ ပစ်တာက ဘယ်တပ်ရင်းက ပစ်လည်း ကျနော် မသိဘူး။ ပစ်သံကိုပဲ ကြားလိုက်တာပါ။ ဗျူဟာတပ်က ပစ်တယ်လို့ထင်ပါတယ်။ ဒေသခံပြည်သူတွေ စိုးရိမ်မှုကတော့ အများကြီးလည်း မဖြစ်ပါ။ သတိထားပြီးတော့ နေရတာပေါ့ ” ဟု ပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ယနေ့ မွန်းလွဲ ၂ နာရီကျော်က ဆက်သွယ်ရာ သေနတ်ပစ်သံမကြားမိဟုဆိုကာ ဖုန်းချသွားခဲ့သည်။ ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အကြား ၂ နှစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလမှ စ၍ အပစ်အခတ် ရပ်စဲသွားခဲ့ပြီး ၄ နီးပါး အကြာတွင် ယခုကဲ့သို့ လက်နက်ကြီးပစ်သံများ ကြားရခြင်း ဖြစ်သည်။
https://www.facebook.com/151742128171206/posts/4096187127060000/