ပေါက်တောတွင် လင်မယားချင်းရန်ဖြစ်၍ ကိုယ့်အိမ်ကိုယ်မီးရှို့ရာမှ နေအိမ် ၃ လုံးနှင့် စပါးကျီ ၃ လုံး ပျက်စီး

By Narinjara/ 2021 March 22

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာတွင် ယမန်နေ့ ညက လင်မယားချင်းရန်ဖြစ်၍ ကိုယ့်အိမ်ကိုယ်မီးရှို့ရာမှ နေအိမ် ၃ လုံးနှင့် စပါးကျီ ၃ လုံး ပျက်စီးသွားကြောင်း သတင်းရရှိသည်။

မီးလောင်မှုကြောင့် အဆိုပါကျေးရွာနေ ဦးအထွန်း၊ ကိုမောင်စောမြတ်နှင့် ဦးမောင်သာစိန်တို့၏ သွပ်မိုး၊ ပျဉ်ထောင်အိမ်နှစ်လုံးနှင့် ကွန်ကရစ်ခင်းပျဉ်ထောင်နှစ်ထပ်အိမ်တစ်လုံးတို့အပါအဝင် ၎င်းတို့ မိသားစုပိုင် စပါးကျီ ၃ လုံး ပျက်စီးသွားခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရွှေမောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

“ဦးအထွန်းတို့ လင်မယားရန်ဖြစ်ရာကနေဖြစ်တာ။ သူတို့အိမ်မှာက စျေးဆိုင်ရောင်းတော့ ဓာတ်ဆီရောင်းတယ်။ ဓာတ်ဆီသွန်ပြီး မီးရှို့တာပေါ့။ ခန့်မှန်းခြေ သိန်း ၃ဝဝ ဖိုးလောက်ပါသွားတယ်လို့ သိရတယ်” ဟုပြောသည်။

မီးလောင်သွားသည့် နေအိမ်များနှင့် စပါးကျီများမှာ ခြံဝင်းတစ်ခုတည်းတွင် တည်ရှိသည်ဟုလည်း သိရသည်။

အဆိုပါမီးသည် ယင်းနေ့ည ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးရှို့ခဲ့သည့် ဦးအထွန်းသည် မီးလောင်နေသည့်အချိန်မှစ၍ ထွတ်ပြေးတိမ်းရှောင်နေသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4151788281499884

Leave a Reply

Your email address will not be published.