ပညာရေးစကား၀ိုင်းပြုလုပ်၍ ရဲစခန်း၌ထိန်းသိမ်းခံထားရသည့်ကျောင်းသား ၄ ဦးပြန်လွတ်

By Western News/ 2021 March 8

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေပွိုင့်ကမ်းခြေအနီး လမ်းဘေးပလက်ဖောင်းတွင် ပညာရေးစကားဝိုင်း ပြုလုပ်ရာတွင်ပါဝင်သည့် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး ၄ ဦးစလုံးမှာ ပြန်လွတ်မြောက်လာပြီ ဖြစ်သည်ဟုသိရသည်။ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ကိုအောင်မင်းထွန်း၊ ကိုထွန်းလင်း (ပီချောင်းအင်စတီကျုပရိုဂရမ်ဒါရိုက်တာ) နှင့် ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ကိုခိုင်စိုးလင်းနှင့် ကိုဘုန်းပြည့်ဖြိုးတို့ဖြစ်သည်။ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ ကိုခိုင်စိုးလင်းနှင့် ကိုဘုန်းဖြိုးတို့ကို မတ်လ ၇ ရက်နေ့ ညနေ ၇ နာရီခွဲအချိန်က ပြန်လွှတ်ပေး လိုက်သော်လည်း ကျန်နှစ်ဦးဖြစ်သည့် ကိုအောင်မင်းထွန်းနှင့် ကိုထွန်းလင်းတို့ကို ညနေ ၁၂ နာရီအချိန်ခန့်တွင် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြန်လွတ်လာသူကိုအောင်မင်းထွန်းကပြောသည်။ ” ရဲစခန်းမှာတော့ကျွန်တော်တို့ကို ထွေထွေထူးထူးစစ်ဆေးတာတော့မရှိ၊ အခုလိုစကား၀ိုင်းတွေလုပ်မယ်ဆိုရင် ရဲတွေထံကိုခွင့်ပြုချက်တင်ပြီးမှလုပ်ရမယ်ဆိုပြီးတော့ ပြောတယ်၊ ကျွန်တော်တို့နှစ်ယောက်ကို ညပိုင်း၁၂နာရီမှာလွတ်လိုက်တာဖြစ်တယ်၊”ဟု ပြောသည်။ယင်းအပြင် ကိုအောင်မင်းထွန်းနှင့် ကိုထွန်းလင်းတို့မှာ ယနေ့နံနက်ပိုင်း ၇ နာရီအချိန်ခန့်တွင် စစ်တွေမြို့မ ရဲစခန်းသို့သွားရောက်ပြီး ခံ၀န်လက်မှတ်ထိုးခဲ့ရသည်ဟု ကိုအောင်မင်းထွန်းကပြောသည်။” ကျွန်တော်တို့ကို ရဲက အခုလိုစစ်ဆေးတာကတော့ မဖြစ်သင့်ဘူးလို့ထင်တယ်၊ တစ်ခြားလူတွေအတွက်လည်း အတားအဆီးဖြစ်သွားနိုင်တယ်၊ ကျွန်တော်တို့ရည်ရွယ်ချက်က အခုပိုင်ပညာရေးနဲ့ လွတ်လပ်တဲ့ စကား၀ိုင်းတွေရှိသင့်တယ်၊ ဒါကြောင့်အခုလိုစကား၀ိုင်းပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။အဆိုပါ ပညာရေးစကားဝိုင်းကို ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က စစ်တွေပွိုင့်ကမ်းခြေအနီးတွင်ရှိသည့် အဝိုင်း (သုံးခွဆုံ) လမ်းဘေးပလက်ဖောင်းတွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသားလူငယ်များက ဦးဆောင်ကာပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

https://www.facebook.com/102405104899336/posts/244928593980319/

Leave a Reply

Your email address will not be published.