တိမ်ညို စစ်ဘေးဒုက္ခသည်စခန်း ပြန်လည်တည်ဆောက်မည်

By RFA/ 2021 May 24

■ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မီးလောင်မှုကြောင့် ဒုက္ခသည်ပေါင်း ၂၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို မကြာမီရက်ပိုင်းအတွင်း ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ မတ်လ ၁၇ ရက်နေ့ည ၈ နာရီလောက်က ပေါ့ဆမီးကြောင့် မိသားစုတွေ နေထိုင်တဲ့ အခန်းပေါင်း ၈၇၅ ခန်းထဲက ၆၆၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဒုက္ခသည်တွေအနေနဲ့ မူလဒုက္ခသည်စခန်းမှာ ဆက်မနေလိုဘဲ နေရပ်ပြန်လိုက ပြန်နိုင်ကြောင်း ပြောထားပေမယ့် ဒုက္ခသည်တွေကတော့ လုံခြုံရေးစိတ်မချရသေးလို့ဆိုပြီး နေရပ်ပြန်ဖို့ ငြင်းဆန်နေကြတာဖြစ်ပါတယ်။

မီးဘေးသင့်စစ်ဘေးဒုက္ခသည်တွေဟာ အခုလက်ရှိမှာ တိမ်ညိုကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ယာယီခိုလှုံနေကြရပါတယ်။

https://www.facebook.com/39218993127/posts/10160942785798128/

Leave a Reply

Your email address will not be published.