ညီနောင်မဟာမိတ် ၃ ဖွဲ့၏ အပစ်အခတ်ရပ်စဲရေးကို ၁ လ ထပ်မံတိုး

By Western News/ 2021 March 1

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ကိုးကန့်( MNTJP/MNDAA )၊ တအာင်း( PSLF/TNLA )၊နှင့် ရက္ခိုင့်တပ်တော်(ULA/AA ) တို့သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို မတ်လ ၁ ရက်နေ့မှစပြီး မတ်လ ၃၁ ရက်နေ့ထိထပ်မံတိုးလိုက်ကြောင်း ထုတ်ပြန်ကြောညာလိုက်သည်။
မိမိတို့ညီနောင်မဟာမိတ်(၃)ဖွဲ့သည် တစ်ဖက်သတ်အပတ်အခတ်ရပ်စဲရေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး တောက်လျှောက်ကြေညာခဲ့သည်။
ယင်းအပြင် ယခုနှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ(၂)လတာတစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးခဲ့ပြီးဖြစ်သည်။

https://www.facebook.com/102405104899336/posts/240493417757170/

Leave a Reply

Your email address will not be published.