စစ်တွေ သန့်ရှင်းရေးအတွက် Green Network – Sittwe မှ အမှိုက်ပုံးများ လှူဒါန်း (ဓါတ်ပုံသတင်း)

By Development Media Group (DMG) / 2021 March 26

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့သာယာလှပသန့်ရှင်းရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လမ်းဘေးတွင်ရောင်းချနေသည့် စျေးသည်များကို အမှိုက်သိမ်းပစ္စည်းများနှင့် အမှိုက်ပုံးများကို Green Network – Sittwe အဖွဲ့မှ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် လှူဒါန်းလိုက်သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို အမှိုက်ပုံး ၅၀ နှင့် လမ်းဘေးစျေးသည်များအတွက် ဆိုင်တစ်ဆိုင်ကို အမှိုက်ပုံးတစ်ခု၊ တံမြက်စည်း တစ်ချောင်းနှင့် အမှိုက်များကိုကောက်ယူမည့် မီးညှပ်တစ်ခု စုစုပေါင်းအရေအတွက် (၃၀) ကို လှူဒါန်းရခြင်းဖြစ်သည်ဟု Green Network – Sittwe တည်ထောင်သူ ဒေါ်စောမြသန္တာက ဆိုသည်။

“ စစ်တွေမြို့တစ်မြို့လုံးမှာ အမှိုက်နဲ့ပတ်သက်ပြီး အမှိုက်စွန့်ပစ်မယ့်နေရာကို ပြည်သူလူထုက အလွယ်တကူရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းရခြင်းဖြစ်ပါတယ် ” ၎င်းက ဆိုသည်။

စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးက “ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို လှူဒါန်းသည့် အမှိုက်ပုံး ၅၀ ကို အဓိက မေယုလမ်းနဲ့ လမ်းမကြီးမှာ လိုအပ်တဲ့နေရာတွေမှာ ထားမယ်။ နောက်ပြီးတော့ စစ်တွေမြို့ မြို့မစျေးကြီးအနီးမှာရှိတဲ့ BXT ကွင်းမှာလည်း ထားမယ်။ ရှူခင်းသာလမ်းမှာတော့ ပထမ အကြိမ်ပေးထားပြီးပြီး။ နောက်တခြားလိုအပ်တဲ့နေရာတွေ စျေးသည်တွေအများအပြားရှိတဲ့ နေရာတွေမှာ သန့်သန့်ရှင်းရှင်းဖြစ်သွားအောင် ထားသွားမယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း စစ်တွေမြို့ ရှူခင်းသာကမ်းနားလမ်းတလျှောက်တွင် အမှိုက်ပုံး ၅၀ ကျော်ကို Green Network – Sittwe အဖွဲ့က လှူဒါန်းမှုရှိခဲ့သည်။

https://www.facebook.com/466648543487562/posts/1975443865941348/

Leave a Reply

Your email address will not be published.