By Western News/ 2021 May 24

ကိုဗစ်ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ စတင်ရပ်နားထားသည့်ရွှေပြည်တန်အမြန်ရေယာဉ် ပြန်လည်ပြေးဆွဲသွား မည်ဖြစ်ကြောင်းသိရသည်။ရွှေပြည်တန်အမြန်ရေယာဉ်ကိုလာမည့် ဧပြီလ ၂ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး စစ်တွေမြို့မှ တောင်ကုတ်- ကျောက်ဖြူ- ရမ်းဗြဲ- ကျောက်နီမော်သို့ ယခင်ခရီးစဉ်အတိုင်းပြေးဆွဲမည်ဖြစ်ကြောင်းရွှေပြည်တန်အမြန်ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက Western News သို့ပြောသည်။
“ကျွန်တော်တို့ စစ်တွေကနေ တောင်ကုတ်ကို လာမယ့် ဧပြီ ၂ ရက်နေ့မှာ ပြေးဆွဲသွားမှာပါ။ စစ်တွကနေ ကျောက် ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်ထိကိုစစ်တွေကနေ မနက် ၆ နာရီဆိုရင် စထွက်မှာပါ။ အပတ်စဉ် အင်္ဂါနေ့ နဲ့ သောကြာနေ့တွေ ပြေးဆွဲမှာပါ။ တောင်ကုတ်ကနေလည်း စစ်တွေကို ဗုဒ္စဟူးနေ့နဲ့ စနေနေ့ ပြေးဆွဲသွားမှာပါ”ဟု ပြောသည်။
ယင်းအပြင် အမြန်ယာဉ်ပြေးဆွဲသည့်အချိန်တွင်လည်း ခရီးသည်များကို ကိုဗစ်စည်းကမ်းများနှင့်အညီ လက်ဆေးခြင်း၊ mask တပ်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးစံမော်သိန်းက ဆက်ပြောသည်။ ရွှေပြည်တန်အမြန်ရေယာဉ်သည် စစ်တွေမှ ပေါက်တော – မင်းပြားနှင့် စစ်တွေမှ ရသေ့တောင်- ဘူးသီးတောင်သို့ ရေကြောင်းလိုင်းများ အပတ်စဉ်ပြေးဆွဲလျက်ရှိသည်။အမြန်ရေယာဉ်များ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲစသည့်မြို့နယ်များပိတ်ထားသည့်အချိန်တွင် ခရီးသည့်များစွာအခက်အခဲများရှိခဲ့ပြီး ကားလမ်းမတွေမှာသွားလာရသောအခါတွင်လည်း စစ်ပွဲများဖြစ်သောကြောင့် ခရီးစဉ်များကြန့်ကြာမှုများရှိခဲ့ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက Western News ကိုပြောသည်။
“အခက်အခဲက အများကြီးကြုံတယ်။ ရခိုင်ပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းဆက်သွယ်လို့သွားနေရတာက ရေလမ်းတစ်ခုကိုပဲအားကိုလို့ သွားနေရတယ်။ အဲ့ဒီကြားထဲမှာကားလမ်းတွေရှိတယ်ဆိုပေမယ့် ကားလမ်းမတွေစစ်ပွဲတွေဖြစ်နေကြတယ်။ သွားလာလို့မရဘူး။ ကားလမ်းတွေက ခဏခဏပိတ်တယ်။ သွားလာရတာတွေကတော့ တော်တော်လေးကိုအကြပ်အတည်းဖြစ်တယ်။ အခုလိုပြန်ဖွင်ပေးတော့ ဝမ်းသာပါတယ်။ မလိခရေယာဉ်ကိုလည်းပြေးဆွဲစေချင်တယ်” ရခိုင်ပြည်နယ်တွင် လက်ရှိ ပြေးဆွဲနေသည့် ရေယာဉ်များမှာ ရွှေပြည်တန်၊ ရွေနဒီ၊ မင်းပြား အဥ္စနနဒီ၊ ကစ္ဆပနဒီ၊ မလိခ၊ အောင်ကျော်မိုးစသည့်ရေယာဉ်လိုင်းများ အဓိကပြေးဆွဲလျက်ရှိသည်။
https://www.facebook.com/102405104899336/posts/257004016106110/