စစ်တွေကမ်းခြေက သျှစ်သောင်းမြှောက်ပွဲ

By Western News/ 2021 March 27

ရခိုင်ရိုးရာပွဲတော်များထဲမှ တစ်ခုဖြစ်သည့် သဲပုံစေတီပွဲတော်(ခေါ်) သျှစ်သောင်းမြှောက်ပွဲကို မတ်လ ၂၇ ရက်နေ့ တပေါင်းလပြည့်နေ့ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပင်လယ်ကမ်းခြေတွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

သဲပုံစေတီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး ပင်လယ်ကမ်းစပ် သဲသောင်ခုံပေါ်တွင် သဲများဖြင့် ဘုရားစေတီပုထိုးများ ပြုလုပ်ကာ တံခွန်၊ ကုက္ကား၊ ပန်း၊ ဆီးမီး၊ အမွှေးနံ့သာတိုင်များဖြင့် လှူဒါန်းပူဇော်ပြီး ကုသိုယ်ယူကြသည့် ရခိုင့်ရိုးရာပွဲတော် တစ်ခုဖြစ်သည်။

အဆိုပါပွဲတော်ကို သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ထောင်ပေါင်းများစွာသော ပြည်သူများက ပူးပေါင်းပါဝင်ဆင်နွှဲကြသည်။ ပွဲတော်ကို ရခိုင့်မင်္ဂလာစည်တော်တီးကာ ဖွင့်လှစ်ပြီး ပါဝင်ဆင်နွှဲကြသူများက သဲပုံစေတီများတွင် တံခွန်၊ ကုက္ကား၊ ပန်း၊ ဆီးမီး၊အမွှေးနံ့သာတိုင်များဖြင့် လှူဒါန်းပူဇော်ကြသည်။

အဆိုပါ သဲပုံစေတီပွဲတော်(ခေါ်)သျှစ်သောင်းမြှောက်ပွဲကို သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့နာယက၊ ရခိုင်သုတေသနပညာရှင် ဆရာကြီးဦးလှသိန်းမှ ၂၀၀၁ ခုနှစ်တွင် စစ်တွေမြို့၊ စစ်တွေဟိုတယ်ရှေ့ သဲသောင်ပြင်ကြီးတွင် စတင်ဖော်ထုတ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ရခိုင့်ရိုးရာသဲပုံစေတီပွဲ‌တော်ကို ဦးဆောင်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျင် နှစ်ပေါင်း ၂၀ ခန့်ရှိပြီးဟုသိရသည်။ ရခိုင်မဂ်လာစည်တော်တီးကာ ဖွင့်လှစ်ပြီး ထောင်ပေါင်းများစွာသော ပါဝင်ဆင်နွှဲသူများက လူဦးရေထောင်ချီလာရောက်ကြည့်ရှုဆင်နွှဲခဲ့ကြသည်။

သဲပုံစေတီတော်ပွဲ(ခေါ်)သျှစ်သောင်းမြှောက်ပွဲသည် တပေါင်းလပြည့်နေ့တွင် ကျင်းပြလေ့ရှိသောရိုးရာပွဲတော်တစ်ခုဖြစ်သည်။ယင်းအပြင် ပင်လယ်ကမ်းခြေတို့တွင် သဲများဖြင့်စေတီကြီး(ငယ်)များကိုတည်ဆောက်ကြပြီး တံခွန်၊ ကုက္ကား၊ ပန်း၊ ဆီးမီး၊အမွှေးနံ့သာတိုင်များဖြင့် လှူဒါန်းပူဇော်ခဲ့ကြသည်။

https://www.facebook.com/102405104899336/posts/259504812522697/

Leave a Reply

Your email address will not be published.