စစ်တွေကန်တော်ကြီး ရေခမ်းခြောက်နေမှုမြင်ကွင်း

By Development Media Group (DMG) / 2021 March 31

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်မြို့လုံးက ရေရရှိဖို့အဓိကအားထားနေရတဲ့ ကန်တော်ကြီးရေကန်မှာ အခုအခါ ရေခမ်းခြောက်နေပြီဖြစ်ပါတယ်။ စစ်တွေကန်တော်ကြီးဟာ မိုးရေလှောင်ကန်ဖြစ်ပါတယ်။ စိမ့်ရေမထွက်တဲ့အတွက် ရေကုန်ခမ်းရင် အစားထိုး ဖြည့်တင်းလို့မရနိုင်တော့ပါဘူး။ ကန်တော်ကြီးကို ရေပိုမိုသိုလှောင်နိုင်ဖို့ ဆောင်ရွက်နေပေမယ့်လည်း စစ်တွေမြို့ရဲ့ တိုးပွားလာတဲ့လူဦးရေနဲ့ဆိုရင် လုံလောက်မှုမရှိပါဘူး။ လက်ရှိမှာ ကန်တော်ကြီးမှာ ရေခမ်းခြောက်နေတာကြောင့် စစ်တွေမြို့က ရပ်ကွက်အချို့မှာ ရေရှားပါးမှုကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။

https://www.facebook.com/466648543487562/posts/1979878242164577/

Leave a Reply

Your email address will not be published.