By Development Media Group (DMG) / 2021 March 26
စစ်တွေမြို့တွင် ကရာတေးသင်တန်း ၁၀ ခုထက်မက ဖွင့်လှစ်လျက်ရှိပြီး ကလေးငယ်များ ရာချီသင်ကြားနေကြသည်။ ကရာတေးပညာရပ်ကို သင်ကြားရန် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိသော်လည်း အသက် ၆ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေးငယ်အများစုက သင်ကြားလျက်ရှိပြီး စစ်တွေမြို့တွင် ကရာတေးအသင်း (၃) ခုရှိကာ လေးဝတီကရာတေးဒို၊ အားမာန်ကရာတေး၊ ဟိုက်ကာရီ ကရာတေးအသင်းတို့ ဖြစ်ကြသည်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်ကြောင်း လေဝတီကရာတေးအသင်း ဒုနည်းပြချုပ် ဦးအောင်ကျော်ထွေးက DMG သို့ ပြောသည်။ “ ကိုယ်တတ်ထားတဲ့ ကရာတေးပညာရပ်ကို ကျန်တဲ့မျိုးဆက်တွေ၊ လူငယ်တွေ တတ်သွားအောင်၊ နားလည် သွားအောင် သင်ပြပေးနေတာပါ။ တတ်ခြင်းအားဖြင့်လည်း မိမိကိုယ်ကို ကာကွယ်နိုင်အောင် ကိုယ်လူမျိုး ကိုယ်နိုင်ငံအတွက် အကျိုးပြုနိုင်အောင် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနိုင်အောင်၊ နောက်ပြီးတော့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာကြံ့ခိုင်လာအောင် သင်ကြားပေးရခြင်း ဖြစ်တယ်။ ” ဟု ပြောသည်။ ယင်းအပြင် ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင်လည်း ကရာတေးသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းအချိန်မှာ ညနေ ၄ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/1975385509280517