By Western News/ 2021 February 9
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးမင်းအောင်ကို ဖေဖော်ဝါရီ ၉ ရက် ယနေ့ ၁၁ နာရီခွဲအချိန်က ရဲတပ်ဖွဲ့ဝင်များက ကားဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်။
ရဲတပ်ဖွဲ့မှ ဦးမင်းအောင်အား လာရောက်ခေါ်ဆောင်သွားခြင်းနှင့်ပတ်သတ်၍ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဝတ်ရည်အားဆက်သွယ်ရာတွင် ခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ပြီး မည့်သည့်ကိစ္စကြောင့်ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်းပြောသည်။
စစ်တပ်အာဏာသိမ်းဆန့်ကျင်ကွက်ခဲ့ကြသည့်
တောင်ကုတ်မြို့သပိတ်တွင်တောင်ကုတ်မြို့နယ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
သူတို့နှစ်အားခေါ်ဆောင်သွားခြင်းနှင့်ပတ်သတ်ပြီး တောင်ကုတ်ရဲစခန်းမှ ရဲအုပ် ရဲမြင့်ထွန်းအားဆက်သွယ်ရာတွင် သူ့မှာအပြင်ရောက်နေကြောင်းပြောသည်။
https://www.facebook.com/102405104899336/posts/227489935724185/