By Western News/ 2021 February 9

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းမှုအလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်မှုပြုလုပ်ခဲ့ပြီး နောက်တွင် တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ ၂ ဦးကို ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားကြောင်းသိရသည်။ ယင်းသို့ ခေါ်ဆောင်ခြင်းအပေါ် တောင်ကုတ်ဒေသခံ ၃၀၀ ကျော်ခန့်က တောင်ကုတ်ရဲစခန်းရှေ့၌ လာရောက်စုရုံးကာ ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ လွတ်မြောက်ရေးအတွက် တောင်းဆိုမှုများပြုလုပ် နေကြသည်ဟု တောင်းဆိုရာ၌ ပါဝင်သူ ဒေါ်ချစ်ချစ်ချောကပြောသည်။
https://www.facebook.com/102405104899336/posts/227570565716122/