By Western News/ 2021 February 9

အာဏာသိမ်းစစ်တပ်ဆန့်ကျင်သပိတ်မှောက်၍ ပြန်လာကြသည့် ဒေသခံနှစ်ဦး အမ်းမြို့မရဲစခန်းကဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေကြောင်းဆန္ဒပြသူများက Western News ကို ယနေ့ညတွင် ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ အမ်းတောင်အုပ်စု
ပိန်ရေစမ်းကျေးရွာမှ ဒေါ်ပုမ အသက် ၄၂ နှစ်၊ ဦးအောင်ငြိမ်း အသက် ၅၂ နှစ်ဖြစ်ပြီးဆန္ဒပြလို့ နေအိမ်သို့ အပြန် ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ယနေ့ နေလည် ၂ နာရီကျော်က ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆန္ဒပြရာတွင်ပါဝင်သူများက Western News ကိုပြောသည်။
အမ်းမြို့တွင်ဆန္ဒပြသူများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့ညနေပိုင်းအထိ လိုက်လံဖမ်းဆီးမှုများရှိနေသောကြောင့် တိမ်းရှောင်နေကြရသည်ဟု ဆန္ဒပြရာတွင်ပါဝင်သူများကပြောသည်။
အမ်းမြို့ပြည်သူများက လေယာဉ်ကွင်းရပ်ကွက်ကနေ မြို့သစ်သို့ ချီတက်ရာ ၃၇၁ တပ်ရင်းရှေ့တွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည့်အတွက်ရှေ့ဆက်မရဘဲ အချိန်ကြာ ရပ်တန့်နေရပြီးနောက် ပြည်သူများအား လူစုခွဲခိုင်းစေခဲ့သည်ဟု သိရသည်။
https://www.facebook.com/102405104899336/posts/227717465701432/