By RFA/ 2021 February 16
■ ရခိုင်ပြည်နယ် သံတွဲမြို့ မာဃလမ်းပေါ်မှာ ဒီနေ့မနက် ၁၀ နာရီလောက်က စစ်အာဏာရှင်အလိုမရှိကြောင်း ထိုင်သပိတ်ဆင်နွှဲဖို့ပြင်ဆင်နေတဲ့ ဒေသခံတွေထဲက ကျောင်းသူ တစ်ဦးနဲ့ ကျောင်းသား နှစ်ဦးကို ရဲအင်အား ၃၀ ခန့်လောက်က လူအုပ်ကြားထဲကနေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ အခင်းဖြစ်နေရာမှာ ရှိနေသူတွေကပြောပါတယ်။မနက် ၁၀ နာရီလောက်မှာ လူ ၃၀ လောက်နဲ့ ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆင်နွှဲဖို့ စတင်ပြင်ဆင်နေရာကနေ ၁၀ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့လို့ယူဆရတဲ့ အရပ်ဝတ်တစ်ခုက ဆွဲခေါ်သွားပြီး ရဲအင်အား ၃၀ ခန့်နဲ့အတူ ရဲကားပေါ်တင်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။ဖမ်းဆီးခံရသူ သုံးဦးကို သံတွဲရဲစခန်းကိုခေါ်ဆောင်သွားပြီး လူအုပ်စုက ရဲစခန်းကို သွားရောက်ဖို့ကြိုးစားခဲ့ကြပေမယ့် လုံခြုံရေးစည်းတွေချထားတာကြောင့် ဖမ်းဆီးခံရသူ သုံး ဦးနဲ့ ပတ်သက်လို့ အခုလောလောဆယ်အထိ တစ်စုံတစ်ရာမသိရသေးဘူးလို့လည်း ပြောပါတယ်။
https://www.facebook.com/39218993127/posts/10160826578353128/