By Western News / February 21/ 2021


Western News – ဖေဖော်ဝါရီ ၂၁ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ သောက်သုံးရေဝယ်ယူအသုံးပြုနေရသော စက်မှုဇုန် စစ်ဘေးရှောင်စခန်းကို ဖေဖော််ဝါရီလ ၂၁ ရက်နေ့ နေ့လယ်အချိန်ခန့်က လူမှုရေးအဖွဲ့အစည်း ၂ ခုက သောက်သုံးရေးလာရောက်လှှူဒါန်းခဲ့ကြသည်။
အဆိုပါစစ်ဘေးရှောင်စခန်းသို့ သောက်သုံးရေလာရောက်လှုဒါန်းလာသည့် အဖွဲ့အစည်းများမှာ စစ်တွေမြို့နယ်ပါဒလိတ်ကျေးရွာမှ စေတနာရှင်များအဖွဲ့နှင့်မော်တော်ယဉ်(လိုင်းဆွဲ)အဖွဲ့ တို့ပူးပေါင်းလှှူဒါန်းခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများထံမှပြောသည်။
စစ်တွေမြို့နယ်ပါဒလိတ်ကျေးရွာမှ စေတနာရှင်များအဖွဲ့မှ ကိုသန်းဆွေက “ကျွန်တော်တို့အခုဆိုရင် ကား ဆယ်စီးကျော်နဲ့ရေလာလှူတာပါ။ တကယ်ရေရှားတယ်ဆိုတာမတ်လလောက်မှပါ။ အခုတော့ ဖေဖော်ဝါရီလတောင်မကုန်သေးပါဘူးရေရှားနေပြီ။သူတို့ တမိုင်လောက်ဝေးတဲ့နေရာ ကနေရေသွားခပ်ရတယ်။အဲဒါကြောင့် တ့အဖွဲ့စည်းတွေကလည့် ရေလာလှူသင့်တယ်” ဟု ပြောသည်။
ယင်းအပြင် စခန်းက စစ်ဘေးရှောင်များမှာ ရေရရှိရေးအတွက် စခန်းမှ မိနစ် ၃၀ ကြာသွားရသည့် ရေပေါက်ချောင်းကျေးရွာအနီးတွင် ရှိသည့်ရေကန်မှသွားရောက်ခပ်ယူနေကြရသည်ဟု စခန်း၌ခိုလှုံနေသူ ကျောက်ဆိပ်ကျေးရွာမှ ဒေါ််ဦီးမေကပြောသည်။
“ရေပေါက်ချောင်းကျေးရွာ အနီးမှာရှိတဲ့ ရေကန်ကသွားခပ်ရတယ်။အဲဒီရေကန်မှာလည်း အခုရေကခမ်းလာလို့ရေမကြည်တော့ဘူး။ကျွန်မတို့က တနေ့တနေ့ ရေရရှိဖို့အတွက်ပဲအလုပ်များနေရတယ်” ဟုပြောသည်။
အဆိုပါ စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည် လူဦီးရေ ၈၀၀ ကျော်ရှိပြီး ကျောက်ဆိပ်၊ သာစည်၊ ဒိုးတန်းကျေးရွာတို့မှလာရောက်ခိုလှုံနေကြရခြင်းဖြစ်သည်။
https://www.facebook.com/102405104899336/posts/235492484923930/