By Western News/ 2021 February 1
ဖေဖော်ဝါရီ ၁ ရက်နေ့ ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ကို တပ်မတော်မှဖမ်းဆီးလိုက်ကြောင်းသိရသည် ။၄င်းတို့ ၂ ဦးမှာ ယနေ့နံနက် ၅ နာရီအချိန်က လွှတ်တော်ဥက္ကဌ၏ နေအိမ်တွင်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကုယ်စားလှယ် ဒေါ်ခင်စောဝေမှာ ပြန်လည်လွတ်မြှောက်လာပြီဖြစ်ကြောင်းရခိုင်အမျိုးသားပါတီမှ တာဝန်ရှိသူ ဦးခိုင်ပြည်စိုးက အတည်ပြုပြောကြားသည်။လွတ်တော်ဥက္ကဌ ဦးစံကျော်လှမှာ ပြန်လည်လွတ်မြှောက်လာခြင်းမရှိသေးကြောင်းလည်းသိရသည်။


Western News-WN
https://www.facebook.com/102405104899336/posts/222582529548259/