ရခိုင်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေကို သဘာဝဘေးအန္တရာယ်စီမံပုဒ်မ ၂၅နဲ့အမှုဖွင့်ဖမ်းဆီး။အမ်းမှာ တပ်မတော်ထောက်ခံပွဲပြုလုပ်

By BBC/ 2021 February 11

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်း ၉ နာရီမှာ တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကမနက်ပိုင်းမှာတော့ အမ်းဒေသခံတွေ၊ ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီးတော့ အာဏာသိမ်းအစိုးရကို ကန့်ကွက်တဲ့ဆန္ဒထုတ်ဖော်မှုတစ်ခုကိုပြုလုပ်ခဲ့ကြတဲ့အတွက် ဦးဆောင်သူ ၆ ဦးကို ဘေးအန္တရာယ်စီမံဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေး ယူလိုက်ပြီဖြစ်ပါတယ်။ ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူလိုက်ပြီး ဒီကနေ့မနက်ပိုင်းမှာ တပ်မတော်အငြိမ်းစားတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ဦးဆောင်ပြီးတော့ အမှတ် ၂ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကိုခေါ်ယူပြီး အဲဒီစခန်းအနီးမှာ ဟောပြောမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အမ်းမြို့ခံ ကိုမျိုးလွင်က ပြောပါတယ်။ ဒါ့အပြင် ရမ်းဗြဲနဲ့မာန်အောင်မြို့တွေမှာလည်း အာဏာသိမ်းမှုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ဆက်လက်ပြုလုပ်ခဲ့ကြရာမှာ မာန်အောင်မြို့ဆန္ဒပြပွဲကိုဦးဆောင်သူ လူငယ် လေးဦးတို့ကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဆန္ဒပြပွဲအပြီးမှာ ခေါ်ယူတွေ့ဆုံပြီး ခံဝန်လက်မှတ်ရေးထိုးခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

https://www.facebook.com/166580710064489/posts/3839306186125238/

Leave a Reply

Your email address will not be published.