By RFA/ 2021 February 15

■ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဝေးပြေးကားလမ်းမတစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဒီနေ့မနက်ကစလို့ လုပ်ဆောင်နေပြီလို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းက RFA ကိုပြောပါတယ်။အမ်းမြို့နယ်ကနေ စစ်တွေမြို့အထိနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကနေ မောင်တောမြို့အထိ အဝေးပြေးကားလမ်းမတစ်လျှောက်မှာ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေတာဖြစ်ပြီး တွေ့ရှိရတဲ့ မိုင်းအမျိုးအစားပေါ် မူတည်တာကြောင့် မိုင်းအားလုံးရှင်းလင်းပြီးချိန်အထိ အချိန်ဘယ်လောက်အထိကြာမယ်ဆိုတာကို ခန့်မှန်းလို့မရဘူးလို့ ဗိုလ်မှူးကြီးမင်းသန်းကပြောပါတယ်။ဒီအစီအစဉ်ကို လက်နက်ကိုင်အဖွဲ့နဲ့ ညှိနှိုင်းလုပ်ဆောင်တာမဟုတ်ဘဲ တပ်မတော်ရဲ့ အစီအစဉ်နဲ့ လုပ်ဆောင်တာလို့လည်း ဆိုပါတယ်။ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့ အချိန် ၂ နှစ်ကျော်ကာလအတွင်း ဒီကားလမ်းမတစ်လျှောက်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ ယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲ တိုက်ခိုက်ခံရလေ့ရှိတာပါ။အခုလက်ရှိမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ အပစ်အခတ်တွေရပ်စဲနေတာကြောင့် ကားလမ်းမတစ်လျှောက် ပုံမှန်သွားလာနေကြပါတယ်။ဒါ့အပြင် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာလည်း တပ်မတော် စစ်ဆေးရေးဂိတ်တချို့ကို ရုပ်သိမ်းထားသလို အချို့စစ်ဆေးရေး ဂိတ်တွေမှာလည်း တပ်မတော်က အရင်ကလို တင်းတင်းကျပ်ကျပ် စစ်ဆေးတာမျိုး မတွေ့ရတော့ပါဘူး။
https://www.facebook.com/39218993127/posts/10160823064773128/