ရခိုင်ပြည်နယ်ရဲ့ တစ်ခုတည်းသော ကျောက်တော်မြို့နယ်က သကြားစက်ရုံရပ်တန့်နေတာဟာ တစ်နှစ်ကျော် အထိ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

By Development Media Group / 2021 February 23

အဲဒီသကြားစက်ရုံကို ၁၉၈၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ အစိုးရက (၂၇)နှစ်တိုင် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ရခိုင်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို နှစ် ၃၀ စီမံကိန်းနဲ့ ငှားရမ်းထားခဲ့တာပါ။ရခိုင်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ၆ နှစ်ခန့် စက်ရုံကိုလည်ပတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဆက်ပြီး မလည်ပတ်နိုင်တဲ့အတွက် စက်ရုံပိတ်ခဲ့ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ကျောက်တော်သကြားစက်ရုံမှာ ဝန်ထမ်း အင်အား ၁၀၀ ကျော်ရှိပါတယ်။လက်ရှိမှာ စက်ရုံပိတ်ထားတဲ့တာကြောင့် ကျောက်တော်မြို့နယ်အတွင်းမှာ ကြံစိုက်ပျိုးသူတွေလည်း နည်းပါး သွားခဲ့ပြီဖြစ်ပါတယ်။သကြားစက်ရုံရပ်တန့်ခဲ့ရတာက ဘာကြောင့်ပါလဲ။ စက်ရုံဝန်ထမ်းတွေရဲ့ အခြေအနေကဘယ်လိုရှိနေလဲ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ စက်ရုံရဲ့ ကုန်ထုတ်တာဝန်ခံ ဦးခင်မောင်ကြည်ကို DMG က တွေ့ဆုံ မေးမြန်းထားပါတယ်။မေးမြန်း – အောင်ထိန် | DMG

https://www.facebook.com/466648543487562/posts/1951110775041324/

Leave a Reply

Your email address will not be published.