ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ပြန်ဖွင့်ပေး

By VOA/ 2021 February 4

ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုအဖြစ် ၁၉ လ အကြာ အင်တာနက်ဖြတ်တောက်ထားမှုကို ရခိုင်နဲ့ချင်းပြည်နယ်တွေထဲမှာ အဆုံးသတ်လိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၉ ဂျွန်လထဲက ပဋိပက္ခဖြစ်ပွားနေခဲ့တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အရေးပေါ်အခြေအနေကြေညာပြီး အင်တာနက်ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲတနင်္လာနေ့မှာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဆက်သွယ်ရေးကုမ္မဏီတခုဖြစ်တဲ့ Telenor အုပ်စုက ရခိုင်နဲ့ချင်းပြည်နယ် (၈) မြို့နယ်မှာ အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းတွေ အပြည့်အ၀ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က အတည်ပြုပြောကြားပါတယ်။မြောက်ဦးဒေသခံ ကိုခင်မောင်ကတော့ အင်တာနက်ပြန်ရနေပြီ။ ဒါပေမယ့် နှေးနေတုန်းပဲလို့ပြောပါတယ်။ မောင်တောဒေသခံ ရိုဟင်ဂျာတဦးဖြစ်တဲ့ Shouban ကလည်း အခုတော့ အင်တာနက်တွေပြန်ရပါပြီ။ အာဏာသိမ်းတာကိုလည်း သိရပါတယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့HRW ကတော့ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ကျန်းမာရေးနဲ့ပက်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်သတိပေးချက်တွေကို ဖြတ်တောက်သလိုဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ မြန်မာစစ်တပ်နဲ့AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲ လူပေါင်းရာနဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ကုလသမဂ္ဂအဆိုအရ ရခိုင်ဒေသမှာ စစ်တပ်ရဲ့ ကြမ်းတမ်းတဲ့စစ်ဆင်ရေးတွေကြောင့်လည်း ရိုဟင်ဂျာ ၇၄၀ ၀၀၀ လောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ ကျန်ရှိတဲ့ ရိုဟင်ဂျာ ၆၀၀ ၀၀၀ ခန့်ဟာလည်း လူမျိုးရေးခွဲခြားခံထားရသကဲ့သို့အခြေအနေတွေအောက်မှာ နေထိုင်နေကြရပါတယ်။ မြန်မာအစိုးရနဲ့စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ခွင့်မပြုပါဘူး။

https://www.facebook.com/351574300169/posts/10158869259795170/

Leave a Reply

Your email address will not be published.