ရခိုင်တွင် စက်သုံးဆီးစျေးများမြင့်တက်လာနေ

By Western News/ 2021 February 15

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှစ၍ စက်သုံးဆီးစျေးများမှာ မြင့်တက်လာနေသည်ဟု စက်သုံးဆီး အရောင်းကိုယ်စားလှယ်များနှင့် ဝယ်ယူသုံးစွဲသူများကပြောဆိုသည်။လက်ရှိတွင် ဒီဆယ် တစ်လီတာကို ၈၅၀ ကျပ်၊ ပရီမီယန် တစ်လီတာကို ၈၉၅ ကျပ်၊ နိုင်တီတူး တစ်လီတာကို ၈၄၀ ကျပ်၊ နိုင်တီဖိုင်း တစ်လီတာကို ၉၄၀ ကျပ်ဖြင့်ရောင်းချနေပြီး ယခင်စျေးနှုန်းများထက် ၁၅ ကျပ်ခန့် မြင့်တက်သွားကြောင်း စစ်တွေမြို့ ကျော်ဇံ စက်သုံးဆီအရောင်းဆိုင်မှ သိရသည်။“ကျွန်တော်တို့က ဆိုင်ခွဲတွေဆိုတော့ ကုမ္မဏီကသတ်မှတ်ပေးတဲ့စျေးနှုန်းအတိုင်း ရောင်းပေးရတာပါဟု မန်နေဂျာ ဦးလှိုင်အေးက Western News ကိုပြောသည်။လက်တလော ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများနှင့် နိုင်ငံရေးအတည်ငြိမ်မှုများကြောင့် စက်သုံးဆီစျေးများမြင့်တက်လာခြင်း ဖြစ်နိုင် ကြောင်းနှင့် စက်သုံးဆီးများကို ယခင်လိုအလျံအပယ်ဝယ်ယူ၍ မရတော့ဘဲ စက်သုံးဆီမျာအား ဆီဆိုင်များမှတစ်ဆင့်ဝယ်ယူပြီး အပြင်ဆိုင်တွင်ရောင်းချနေသည့် ဦးမောင်ထွန်းဦးကပြောဆိုသည်။ “အခုတလော ဆီတွေပုံးတွေနဲ့ သွားဝယ်လို့မရတော့ဘူး၊ မရောင်းပေးတော့ဘူး။ ဒီအတိုင်း ဆိုင်ကယ်တွေ ကားတွေမှာပဲ ဆံသ‌လောက်ပဲရောင်းပေးတော့တယ်။ ဆီစျေးတွေမြင့်တက်လာတာက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဖြစ်မယ်ထင်တယ်” ဟုပြောဆိုသည်။အပြင်ဆိုင်များ၌ အောက်တိန်း ၁ လီတာအား ၈၀၀၊ ၉၀၀ ကျပ်ခန့်ဖြင့်ရောင်းချနေရာမှ ယခုရက်ပိုင်းအတွင်း ၁၀၀၀၊ ၁၂၀၀ ကျပ်ခန့်ထိ မြင့်တက်သွားကြောင်းနှင့် ယခုကဲ့သို့ဆီးစျေးနှုန်းများမြင့်တက်လာနေပါက အခက်အခဲများဖြစ်နိုင်သည့်အတွက် တာဝန်ရှိသူများအား ကိုင်တွယ်ဖြေရှင်းပေးရန် တောင်ဆိုကြောင်း သုံးဘီးကယ်ရီမောင်းသည့် ဦးဟန်ချေကပြောဆိုသည်။“ဒီ ၂ ရက်၊ ၃ ရက်အတွင်းမှာ ထိုးတက်သွားတာ။ ပြီးရင် အရင်လို တစ်ရက်စာ တစ်ရက်ဝယ်ဖြည့်လို့မရတော့ဘူး။ တစ်ခါတည်း အပြည့်ဖြည့်ထားရတယ်။ ဒီဆီစျေးတွေ ကုန်စျေးနှုန်းတွေဒီအတိုင်းသာ မြင့်တက်လာနေမယ်ဆိုရင် ကျွန်တော်တို့ အခြေခံ လူတန်းစားတွေ အများကြီးအခက်အခဲဖြစ်နိုင်တာပေါ့။ စျေးနှုန်းတွေမမြင့်တက်စေချင်ဘူး။ တာဝန်ရှိသူတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်” ဟုပြောသည်။စက်သုံးဆီစျေးနှုန်းများမှာ ရန်ကုန်၊ မန္တလေးစသည့် အခြားမြို့ကြီးများတွင်လည်း မြင့်တက်လာနေကြောင်းသိရသည်။

https://www.facebook.com/102405104899336/posts/231493455323833/

Leave a Reply

Your email address will not be published.