ရခိုင်တွင် ကိုဗစ်ကြောင့် ၆ လကျော်ကြာရပ်နားထားခဲ့ရသည့် အမြန်ရေယာဉ်များ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ ၍ ပြန်လည်ပြေးဆွဲမည်

By Western News / February 25 /2021

Western News- ဖေဖော်ဝါရီလ ၂၅ ရက်ရခိုင်ပြည်နယ်၌ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက် နေ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ ၆ လကျော် ရပ်နားထားခဲ့ရသည့် ရေကြောင်း အမြန်ရေယာဉ်များကို မနက်ဖန် ဖေဖော်ဝါရီလ ၂၆ ရက် နေ့တွင် ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါ ရခိုင်ပြည်တွင်း အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုချက်စာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ စာတင်ခဲ့ရာတွင် ခွင့်ပြုချက်စာ လတ်တလောတွင် ထုတ်မပေးသေးဘဲ ရေကြာင်းဦးစီးဌာနက တာဝန်ရှိသူများနှင့် အမြန်ယာဉ်လုပ်ငန်းရှင်များအား ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စစ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်၌ ခေါ်ယူဆွေးနွေးပြုလုပ်မှုဖြင့် ပြန်လည်ပြေးဆွဲခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေပြည်တန် အမြန်ရေယဉ် မန်နေဂျာ ဦးစံမောင်သိန်း က Western News သို့ ပြောသည်။”ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ စာတင်တာ ခွင့်ပြုစာ လောလောဆယ် ထုပ်မပးသေးဘူး၊ ရေကြောင်းဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ အမြန်ယာဉ်လုပ်ငန်းရှင်တွေအားလုံးကို ဗိုလ်မှူးကြီး မင်းသန့်က ခေါ်ဆွေးနွေးပြီး ရေယဉ်တွေ ပြန်ပြေးခွင့်ပေးတာပါ၊ နောက်မှ ခွင့်ပြုချက် စာထုတ်ပေးမယ်လို့ပြောပါတယ်၊ အခုက နုတ်နဲ့ ခွင့်ပြုချက်ရတာပါ” ဟု ပြောသည်။ထို့အတူ မင်းပြား၊ ပေါက်တော၊ စစ်တွေ ရေကြောင်း အမြန်ရေယာဉ် လိုင်းများ ပြန်လည် ပြေးဆွေးရန် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ခြဲ အချိန်ခန့်က နယ်လုံဝန်ကြီးက အစည်းအဝေးခေါ်ဆိုပြီး ကိုဗစ် စည်းကမ်းနှင့်အညီ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်စတင်ထွက်ခွင့်ပြုလိုက်သောကြောင့် မနက်ဖြန်မှ စတင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဦးသိန်းထွန်း ( ပေါက်တော တံခွန် -၁ ) ကပြောသည်။ “ဒီနေ့ နံနက် ၁၁ နာရီ ခွဲခန့်က အစည်းအဝေးပြုလုပ်ကြပြီး ကိုဗစ် စည်းမျဉ်း စည်းကမ်းနဲ့အညီ နယ်လုံဝန်ကြီးက ခွင့်ပြုချက်ပေးတယ်၊ ဒီခွင့်ပြုချက်အရ မနက်ဖြန်ကနေ ကျွန်တော်တို့ရဲ့ ပေါက်တောတံခွန် ( ၁ ) အမြန်ရေယာဉ်စတင် ပြေးဆွဲသွားမှာပါ၊ ရေယာဉ်တွေ ရပ္နားထားရတာ အရမ်းကြာနေခဲ့တယ်၊ အခုပြန်လည်ပြေးဆွဲခွင့်ရတော့ ကျွန်တော်တို့ ရေယဉ်လုပ်ငန်းရှင်တွေနဲ့အတူ ခရီးသွားပြည်သူတွေ ပါ အားလုံး အဆင်ပြေသွားတာပေါ့” ဟုဆိုသည်။ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့်အမြန်ရေယာဉ်လှိုင်းများမှာ ရွှေပြည်တန်၊ ရွှေနဒီ၊ မင်းပြားအဉ္စနနဒီ၊ ကစ္ဆပနဒီ ၊ ပေါက်တောတံခွန် (၁ ) ၊ မလိခ နှင့် အောင်ကျော်မိုး စသည့်ရေယာဉ်လိုင်းများဖြစ်ကြသည်။

https://www.facebook.com/102405104899336/posts/238090181330827/

Leave a Reply

Your email address will not be published.