ရခိုင်တစ်ပြည်နယ်လုံးက အကျဉ်းသား ၆၄၆ ဦး လွတ်မြောက်မည်

By Narinjara / February 12 / 2021

အိမ်စိုးဖြူ၊ ဆောင်းဇာခြည်နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂၀၂၁

ရခိုင်တစ်ပြည်နယ်လုံးက အကျဉ်းသား ၆၄၆ ဦး ယနေ့ လွတ်မြောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ရခိုင်တစ်ပြည်နယ်လုံးက ၆၄၆ ယောက်၊ အဲဒီထဲက စစ်တွေထောင်က ၂၃၁ ယောက်ပါ” ဟု သူက ပြောသည်။ကျန် အကျဉ်းသား ၄၁၅ ဦးမှာ ကျောက်ဖြူ၊ သံတွဲနှင့် ဘူးသီးတောင်ထောင်ထဲမှ လွတ်လာကြမည်ဖြစ်သည်။

အဆိုပါ အကျဉ်းသားများမှာ ယနေ့ကျရောက်သည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခြင်း ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/151742128171206/posts/4039473129398067/

Leave a Reply

Your email address will not be published.