ရခိုင်ကပညာရေးဝန်ထမ်းများ ဖဲကြိုးနီ၊ CDM လှုပ်ရှားမှုနှင့် ဆန္ဒပြသည့်အုပ်စုများတွင်ပါဝင် ပါက အရေးယူမည်ဟု စာထုတ်

By Western News/ 2021 February 13

ရခိုင်ကပညာရေးဝန်ထမ်းများ ဖဲကြိုးနီ၊ CDM လှုပ်ရှားမှုနှင့် ဆန္ဒပြသည့် အုပ်စုများတွင် မပါဝင်ရန် နှင့် ပါဝင်လာပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စာထုတ်ပြန်သည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တစ်ဆင့်အကြောင်းကြားစာ ရောက်လာသည့်အတွက် ရခိုင်က ပညာရေး ဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင်မပါဝင်ရန် ပြည်နယ်ပညာရေးမှူးရုံးမှ စာထုတ်ထားသည်မှ ဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးဦးတင်သိန်းက Western News ပြောသည်။
“ဟုတ်တယ်။ညွှန်ကြားချက်ပါတယ်လေ။ အဲ့ဒါက ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်ကို ရုံးတွေကို ဆက်ပြီးတော့ ညွှန်ကြားချက်တွေ ထုတ်ထားတယ်လေ”ဟုပြောသည်။
ထုတ်ပြန်ချက်တွင် “နိုင်ငံဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ) ခုနှစ်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်အတိုင်း မိမိတို့၏ လုပ်ငန်းတာဝန်များကို စနစ်တကျ တာဝန်ထမ်းဆောင်ရန်၊ နိုင်ငံ ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်ခြင်း မပြုကြရန်နှင့် လုံလောက်သောအကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်ပါက တည်ဆဲဥပဒေ၊နည်းဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်” ဟုပါရှိသည်။

https://www.facebook.com/102405104899336/posts/230076552132190/

Leave a Reply

Your email address will not be published.