ယနေ့ည စစ်တွေအခြေအနေ

By Western News/ 2021 February 1

ဖေဖော်ဝါရီ ၁ ရက်နေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ညနေပိုင်းအခြေအနေကတော့ အစိုးရရုံးတွေကို ပိတ်ထားတာတွေကိုတွေ့ရပေမယ့် အရင်နေ့တွေကလို့ သိပ်ထူးထူးခြားမတွေ့ရဘဲ ပုံမှန်အတိုင်း ပြည်သူတွေကတော့ သွားလာလှုပ်ရှားနေကြတာကိုတွေ့ရပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးအုပ်ချုပ်ရေးဌာနရုံးတို့မှာ တပ်မတော်သားတွေ ဒီကနေ့ ညနေပိုင်းအထိတွေ့နေရပြီးရခိုင်အမျိုးသားပါတီ ANP ရုံးချုပ်ကတော့ ပုံမှန်ဖွင့်ထားတာကိုတွေ့ရပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာတို့ကို ဖမ်းဆီးခံထားရတယ်လို့ တောင်ကုတ်မြို့နယ် လွွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ကပြောပါတယ်။

https://www.facebook.com/102405104899336/posts/222751569531355/

Leave a Reply

Your email address will not be published.