မောင်တောတွင် ကျပ်သိန်းငါးထောင်ကျော်တန်ဖိုးရှိ ရွှေချောင်း ၄၀ ဖမ်းမိ

By Development Media Group / February 20 / 2021

DMG | ဖေဖေါ်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် ယနေ့(ဖေဖော်ဝါရီလ ၂၀ ရက်) နံနက်ပိုင်းက မသင်္ကာဖွယ်ရာကားတစ်စီးအား တားဆီးစစ်ဆေးရာမှ ရွှေချောင်း ၄၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့တွင်နေထိုင်သူ မောင်းနှင်လာသည့် Noah အမျိုးအစားကားအား ကျီးကန်းပြင်စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးရာ၌ ကား၏အဲယားကလင်ဒါထဲတွင် တရားမဝင်သယ်ဆောင်လာသည့် ရွှေချောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့၊ အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက “အကယ်ဒမီ ရွှေချောင်း ၄၀ ဖမ်းမိတယ်။ ကားရဲ အဲယားကလင်ဒါထဲမှာသိုဝှက်လာတာ။ အဝါရောင်အချောင်း ၄၀ ဖမ်းမိတယ်” ဟု ပြောသည်။

ယင်းသို့ဖမ်းဆီးရမိသည့် ရွှေတစ်ချောင်းလျှင် ရွှေ ၁၀ ကျပ်သားခန့်ပါဝင်ပြီး ရွှေချောင်း ၄၀ ၏ ကာလတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်း ၅၂၀၀ ခန့်ရှိကြောင်း တာဝန်ရှိသူများက ခန့်မှန်းတွက်ချက်ထားသည်။

ရွှေချောင်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အသက် (၃၀)အရွယ် ယာဉ်မောင်းနှင်လာသူကို ပြင်ဖြူနယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/466648543487562/posts/1948817638603971/

Leave a Reply

Your email address will not be published.