မင်းပြားမြို့နယ် အမ်းသားရွာ စစ်ဘေးရှောင်စခန်းကို တပ်မတော်သားများဝင်ရောက်စစ်ဆေးခဲ့ဟုဆို

By Western News/ 2021 February 26

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်မှ အမ်းသားကျေးရွာစစ်ဘေးရှောင်စခန်းကို ယမန့်နေ့နံနက် ၉ နာရီခန့်က ဖားပြိုကျေး ရွာအနီး သုဿာန်တောင်ပေါ်တွင်တပ်စွဲထားသည့် တပ်မတော်သား ၂၀ ဦးခန့်က လာရောက်စစ်ဆေးသွားကြောင်း သတင်းရရှိသည်။စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စစ်ဆေးသည့်အခါ စခန်းတာဝန်ခံ ကိုအမ်းသားကြီးက မင်းပြားမြို့ကို ရောက်ရှိ နေပြီး ယခုကဲ့သို့ စခန်းတွင် တာဝန်ခံမရှိသည့်အခါ ဝင်ရောက်စစ်ဆေးရန်မသင့်ကြောင်းနှင့် ဝင်ရောက်စစ်ဆေးမည် ဆိုပါကလည်း အကြောင်းကြားသင့်ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုအမ်းသားကြီးကပြောသည်။ဝင်ရောက်စစ်ဆေးတဲ့အခါ ကျွန်တော်လည်းရှိမနေပါဘူး။ စခန်းမှာ တာဝန်ရှိတဲ့သူတွေ တစ်ယောက်မှ ရွိမေနပါ ဘူး။ ခုလိုမျိုးတော့ ဝင်ရောက်မစစ်ဆေးသင့်ဘူးထင်ပါတယ်။ ကယ်ဆယ်ရေးစခန်းတစ်ခုကို လာရောက်စစ်ဆေး မယ်ဆိုရင်တောင် အကြောင်းကြားသင့်တယ်။ စစ်သားတွေကိုကြောက်လို့ စစ်ဘေးရှောင်လာတာကို ခုလိုမျိုး ဝင်ပြီး စစ်ဆေးတာတွေက မကောင်းဘူးပေါ့နော်။စစ်ဘေးရှောင်စခန်းကို လာစစ်မယ်ဆိုရင် တာဝန္ခံ တစ်ဦးဦး ကိုတော့ အကြောင်းကြားသင့်ပါတယ်။ ဖားပြိုရွာကလူတွေဆိုရင် စစ်ဘေးကို ကိုယ်တိုင်ခံစားဖူးခဲ့ကြပြီမို့လို့ ခုလိုလာစစ်တယ် ဆိုရင်သူတို့ကြောက်လန့်နေကြတယ်။နောက်တစ်ခါလာစစ်ဆေးဦးမလား ဒီမွာ နေလို့အအဆင် ပြေပါတော့မလား ဆို ပြီးအဲဒီလိုဖြစ်နေကြပြီဟုပြောသည်။ယမန့်နေ့ နံနက်ပိုင်းက တပ်မတော်သား ၂၀ နီးပါးခန့်က စစ်ဘေးရှောင်စခန်းထဲဝင်ရောက်ကာ အေအေနှင့်ပတ် သတ်မှုများရှိ/မရွိကို မေးမြန်းခဲ့ကြောင်း ဖားပြိုကျေးရွာမှ အမ်းသားရွာစစ်ဘေးရှောင်စခန်းတွင်ခုံလှုံနေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။ကျွန်မက အဝတ်လျှော်နေတာ စစ္သား ၂၀ လောက်က ဝင်လာပြီး မေးမြန်းပါတယ်။ သားယောကျာ်းတွေကို အေအေကို မဝင်စေနဲ့တဲ့။ပြီးတော့ စစ်ဘေးရှောင်စခန်းထဲမှာ အေအေတွေရှိလားဆိုပြီး မေးပါတယ်။ ကျွန်မ လျှော် ပြီးလှမ်းထားတဲ့ ကျွန်မသားလေးရဲ့ ဦးထုတ္ကို ကိုင်ပြီး ဒီလို ဦးထုပ်တွေကို နောက်မဆောင်း နဲ့ဆိုပြီးပြောပါတယ်။ ကျွန်မသားလေးကိုလည်း ခေါက်တုန့်ခေါက်ပြန်ကြည့်ပါတယ်။ ကျွန်မကလည်း အဲဒီဦးထုပ်ကနေပူရင်ဆောင်း မလို့ ၂၅၀၀ နဲ့ ကျွန်မဝယ်ပေးထားတာပါလို့ပြောလိုက်ပါတယ်။ နောက်တော့ သူတို့က မကြောက်နဲ့တဲ့ အဲဒီလိုပြော တယ် ဟုပြောသည်။မင်းပြားမြို့နယ် အမ်းသားရွာ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် ဦးရေ ၉၀၀ ကျော်ရှိပြီး တပ်မတော်နှင့် ရခိုင့် တပ်တော် အေအေတို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဖားပြိုကျေးရွာနှင့် သလူချောင်းကျေးရွာများမှအများဆုံးခိုလှုံနေ ကြသည်။

https://www.facebook.com/102405104899336/posts/238583071281538/

Leave a Reply

Your email address will not be published.