ဒေါ်အေးနုစိန်၏ လုပ်ဆောင်ချက်များအပေါ် စောင့်ကြည့်ဆုံးဖြတ်သွားမည်ဟု ANP ပါတီ ၏ အစည်းအဝေးမှဆုံးဖြတ်

By Western News/ 2021 February 15

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အေးနုစိန် ၏ လုပ်ဆောင်ချက်များအပေါ် ANP ပါတီအနေဖြင့် စောင့်ကြည့်ဆုံး ဖြတ်သွားမည်ဖြစ်ကြောင်း ၃ ရက်တာပြုလုပြုပ်ခဲ့သောအစည်းအဝေး ဆုံးဖြတ်ချက်အရသိရသည်။
ရခိုင်အမျိုးသားပါတီ ANP က ပါတီထိပ်သီးခေါင်းဆောင်များ၊ ပါတီဝင်များဖြင့် ဆွေးနွေးမှုများကို မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ ၃ ရက်အထိ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ် လုပ်ဆောင်နေသာ ဒေါ်အေးနုစိန်နှင့် ပတ်သက်၍ အဓိက နွေးဆွေးခဲ့ကြကြောင်းဖြစ်သည်။
ဒေါ်အေးနုစိန် အုပ်ချုပ်ရေးကောင်စီဝင်အဖြစ်ပါဝင်ခြင်းအပေါ် ပြည်သူများနှင့် ပါတီတွင်းတွင်လည်း သဘောထာ ကွဲလွဲနေမှုများရှိနေ သည့်အတွက် ဆုံးဖြတ်ချက် ၃ ချက်ချမှတ်ကာ ဆုံးဖြတ်ခဲ့ကြောင်း ANP ပါတီမှ မူဝါ ဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက Western News သို့ပြောသည်။
“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ဒေါ်အေးစိန်အဖွဲ့ဝင်အနေနဲ့ ပါဝင်နေတာကို ပြည်သူတွေနဲ့ပါတီထဲမှာ ကော သဘောထား ကွဲလွဲနေတာတွေရှိတယ်။ အဲ့ဒါတွေကို စုံစုံညီညီနဲ့ သဘောတူညီမှုတစ်ခုရအောင် ၃ ရက်တိုင် ဆွေးနွေးမှုလုပ်ပြီး ဆုံးဖြတ်ချက် ချခဲ့တယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သတ်လို့ ဆုံးဖြတ်ချက် ၃ ခုချခဲ့တယ်။ ပထမတစ်ချက် က ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးချမ်းရေးနဲ့၊ ထာဝရငြိမ်းချမ်းတဲ့ပြည်နယ် တစ်ခုဖြစ်ပေါ်လာဖို့အတွက် စီမံ ခန့်ခွဲပိုင်ခွင့်ရရှိအောင် ဆက်လက်ဆောင်ရွက်သွားဖို့ ၊ ဒုတိယ တစ်ချက်ကတော့ ရခိုင်အမျိုးသားအကျိုးစီးပွားကို တန်ဖိုးထား အသိမှတ်ပြုတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်စပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းရေးကော်မတီတစ် ရပ်ဖွဲ့စည်းသွားဖို့ နဲ့တတိယတစ်ချက်ကတော့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီမှာ ကောင်စီဝင်အဖြစ် ဒေါ် အေးနိုစိန်ပါဝင်နေတဲ့အပေါ် စောင့်ကြည့်သွားဖို့နဲ့ အဲ့အချိန်မှာ ဆက်စပ်ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ သွားမယ်။ နောက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ အခြေအနေအရ ကော်မတီက ဒေါ်အေးနုစိန်ရဲ့ ရပ်တည်မှုပေါ်မှာ ပြန်ပြီးတော့ သုံးသပ် ဆုံးဖြတ်သွားမယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ခုက တာဝန်ထမ်းဆောင်တာလည်း လဝက်လောက်ပဲရှိသေး တာဆိုတော့ စောင့်ကြည့်စေချင်ပါတယ်”ဟုပြောသည်။
ယခုအချိန်တွင် ရခိုင်ပြည်နယ်အနေဖြင့် စိန်ခေါ်မှုများ ခက်ခဲကြပ်တည်းမှုများစွာရှိနေပြီး စစ်အစိုးရ၏ ဒဏ်ကိုလည်း ခံစားဖူးပြီဖြစ်ကာ NLD အစိုးရ၏ ၅ နှစ်တာ ကာလအတွင်းမှာလည်း ဒီမိုကရေမဆန်ဘဲ ရခိုင်အမျိုးသား အကျိုးစီးပွားကို ထိခိုက်မှုများ စစ်တပ်နှင့် ပေါင်းကာ လုပ်ဆောင်ခဲ့မှုများရှိသည့်အတွက် ရခိုင်အမျိုးသား အကျိုး စီးပွားအတွက်ဆိုလျှင် မည့်သည့်အင်အားစု အဖွဲ့အစည်းဖြင့်မဆို ပူပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အကျိုးစီးပွားထိခိုက်လာပါကလည်း လမ်းခွဲသွားမည်ဟု ၎င်းကဆက်ပြောသည်။
ANP ပါတီအနေဖြင့်လည်းလက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သတ်၍ နိုင်ငံ တော်စီမံ အုပ်ချုပ် ရေးကောင်စီနှင့် လက်တွဲ၍ မိမိတို့ဒေသဖွံ့ဖြိုရေး၊ စစ်ဘေးရှောင်များ အခက်အခဲများအပြင် တိုက်ပွဲများရပ်တန့်ကာငြိမ်းချမ်းသောပြည်နယ် တစ်ခုဖြစ်ရန် အတွက်ဆုံးဖြတ်ခဲ့သည်ဟုလည်း ဦးဖေသန်းကဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်လက်ခံခဲ့သည့် ANP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကို အရပ်ဖက်အဖွဲ့အစည်းများနိုင်ငံရေးပါတီများနှင့် ဒေသခံတစ်ချို့က ပြစ်တင်ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

https://www.facebook.com/102405104899336/posts/231451188661393/

Leave a Reply

Your email address will not be published.