တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် ဖမ်းဆီးထိန်းသိမ်းခံရ

By Narinjara/ 2021 February 12

ကိုကိုတိုး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဖြစ်သူ ဦးတင်သိန်းအောင်အား ယနေ့ ညနေ ၅ နာရီကျော်ခန့်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေါ်ချစ်ချစ်ချောက အတည်ပြု ပြောကြားသည်။ရဲတပ်ဖွဲ့ဝင်များက နေအိမ်ကနေ ခေါ်ယူသွားကြောင်း၊ မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရှိရသေးကြောင်း၊ မိသားစုများ စိုးရိမ်နေကြောင်း သူမက ဆက်လက်ပြောကြားသည်။တောင်ကုတ်မြို့နယ်မှူးသို့ ယနေ့ ည ၇ နာရီ မိနစ် ၂၀ က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း တောင်ကုတ်မြို့မှ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် နှင့် NLD ဝန်းရံသူ ကိုသန့်ဇင်ဖြိုးတို့ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

https://www.facebook.com/151742128171206/posts/4040327689312611/

Leave a Reply

Your email address will not be published.