တောင်ကုတ်မြို့နယ် ALD ပါတီဝင် ၁ ဦးနှင့်ဒေသခံ ၂ ဦးဖမ်းဆီးသွားခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ALD ပြော

By Western News/ 2021 February 28

စစ်အာဏာရှင် ဆန့်ကျင်မှုကြောင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသည့် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ် ALD ပါတီဗဟိုတွဲဖက်အတွင်းရေးမှူးတစ်ဦးအပါအဝင် ဒေသခံ ၂ ဦးတို့ကို ရဲနှင့် စစ်တပ်ပူးပေါင်းအဖွဲ့ကဖမ်းဆီးသွားခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တောင်ကုတ်မြို့နယ်ရခိုင်ဒီမိုကရေစီအဖွဲ့ ALD ပါတီဗဟိုတွဲဖက်အတွင်းရေးမှူးဦးကျော်ကျော်လင်း ၊ ကိုသားကြီး နှင့် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာမှ ကိုဇာနည်ထူးတို့တို့ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်အား ဆန္ဒထုတ်ဖော်အချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
” ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တာဟာ ပြည်သူတွေရဲ့အခွင့်အရေးတစ်ခုဖြစ်တယ်၊အခုလိုဆန္ဒဖော်ထုတ်လို့ အကြမ်းဖက်ဖမ်းသွားတာကို ကျွန်တော်တို့အနေနဲ့လုံးဝရှုတ်ချတယ်၊”ဟု ဦးမျိုးကျော်ကပြောသည်။
မတရားဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တောင်းထားသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးသွားသူများမှာ တောင်ကုတ်မြို့မရဲစခန်း၌ထိန်းသိမ်းခံထားရကြောင်း၊ ၎င်းတို့ကို မည်သည့်ပုဒ်မတို့နှင့် အမှုဖွင့်ထားသည်ကိုလည်း (ALD)ပါတီအနေဖြင့်သိရှိနိုင်ရန်ရဲစခန်းနှင့် ချိတ်ဆက်နေသည်ဟု ဦးမျိုးကျော်ကပြောသည်။
ယနေ့ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၈ နာရီကျော်အချိန်တွင် စစ်အာဏာရှင်အစိုးရအားဆန့်ကျင်ကြောင်း ဆန္ဒပြဖောထုတ်ရာတွင်လူအင်အား ၃၀ ခန့်ပါဝင်ပြီး တောင်ကုတ်မြို့မဘောလုံးကွင်းအနီးသို့အရောက်တွင် ၄င်းတို့ ၃ ဦးကို ရဲနှင့်စစ်တပ်အင်အား ၅၀ ခန့်ကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

https://www.facebook.com/102405104899336/posts/239934827813029/

Leave a Reply

Your email address will not be published.