တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူတစ်ဦးအား လက်လုပ်သေနတ်နှင့်အတူ ဖမ်းဆီးရမိ

By Development Media Group / February 24 / 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကွမ်းသီးပင်ချောင်းဝအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေဖြင့် တရားမဝင် ဝင်ရောက်လာသူတစ်ဦးအား လက်လုပ်သေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က နှစ်နိုင်ငံခြားထားသည့် နစ်မြစ်ကိုဖြတ်ကျော်ပြီး မြန်မာဘက်ခြမ်းသို့ ဝင်ရောက် လာသည့်လှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့မှရပ်တန့်ရန်တားမြစ်စဉ် ထွက်ပြေးသဖြင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။

ကွမ်းသီးပင်ကျေးရွာအုပ်စု၊ နံသာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအထွန်းချေက “တစ်ဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကနေ လှေနဲ့ခိုးဝင်လာတဲ့ မွတ်ဆလင် ၄ ဦးကို ကွမ်းသီးပင်ချောင်းဝစခန်းက ပစ်ခတ်ဖမ်းဆီတာ။ လုပ်သေနတ် ၁ လက်နဲ့ မွတ်ဆလင် ၁ ဦး ဖမ်းမိခဲ့တယ်။ နောက် ၃ ဦးတော့ ထွက်ပြေးသွားတယ်လို့သိရတယ်” ဟု ပြောသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့မှ သေနတ် ၃ ချက်ခန့် ပစ်ခတ်ဖမ်းဆီးခဲ့စဉ် လှေပေါ်တွင်ပါဝင်သည့် မွတ်ဆလင် ၄ ဦး ထဲမှ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။

ဖမ်းဆီးရမိသူမှာ ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့နယ်၊ ဘာလူခါလီဒုက္ခသည်စခန်းတွင် နေထိုင်သည့် အသက်(၁၉)နှစ်အရွယ် အာရာဖတ်ဖြစ်ပြီး ၎င်းနှင့်အတူ ၈ လက်ခန့်အရှည် လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁ တောင့်၊ WALTON Keypad အမျိုးအစားဖုန်း ၁ လုံးနှင့် လောင်းလှေ ၁ စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းလည်း ရဲမှတ်တမ်းအရ သိရသည်။

https://www.facebook.com/466648543487562/posts/1951846861634382/

Leave a Reply

Your email address will not be published.