By Western News/ 2021 February 9

ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ဝံလက်ဖောင်ဒေးရှင်းမှ ခေါင်းဆောင် ၂ ဦးကို ဖေဖော်ဝါရီ ၉ ရက် ယနေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့မှခေါ်တွေ့စစ်ဆေးခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့မှ ခေါ်ဆောင်ခြင်းခံရသူများမှာ ဝံလက်ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံနှင့် ဖောင်းဒေးရှင်းဥက္ကဌ ဦးထွန်းမြင့်သိန်းတို့ဖြစ်ပြီး ၎င်းတို့ကို ခေါ်ယူတွေ့ဆုံခြင်းမှာ ဝံလက်ဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မည်ဟု သတင်းများရရှိထားသဖြင့် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။
“အဓိကတော့ ကျွန်တော်တို့ဝံလက်က ဦးဆောင်ပြီးတော့ ၂ နာရီမှာ ဆန္ဒပြဖို့ ဝင်္ကဘာကွင်းမှာစုမယ်။ စာရွက်တွေပါ၊ စစ်အာဏာရှင်တွေနဲ့ မပူးပေါင်းနဲ့ပေါ့ အဲဒီလိုဆိုပြီတော့ ကွန်ပျုတာစာစီထားတဲ့ စာရွက်တွေကို စစ်တွေကမ်းနားလမ်းကရတယ်လို့ပြောပါတယ်။ ခရိုင်ရဲမှူးက အဲဒါကြောင့်ခေါ်လို့တွေ့တာပေါ့”ဟု ဦးခိုင်ကောင်းစံကပြောသည်။
အဆိုပါသတင်းများကြောင့် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် စစ်တွေခရိုင်ရဲတပ်မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့က ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ် ပြန်လွှတ်ပေးလိုက်သည်။
https://www.facebook.com/102405104899336/posts/227542892385556/