By Narinjara / February 19 / 2021

ဇော်ဝင်းဌေး(ငခူချောင်း)နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉ /၂၀၂၁ဘူးသီးတောင်မြို့ နယ်၊ စိုင်းတင်ရေတံခွန်တွင် ရေကစားနေစဉ် ပျောက်ဆုံးနေသူ တစ်ဦး၏ အလောင်းကို ၆ ရက်ကြာမှ ရှာဖွေတွေ့ ရှိခဲ့သည်ဟု သိရသည်။
ရေနစ်ပျောက်ဆုံးသွားသူမှာ အသက် ၂၀ နှစ်အရွယ် ကျောက်ဖြူမြို့မှ ကိုကောင်းခန့် ကျော်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်တစ်နာရီတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အနောက်တံခါး လူမှု ကူညီကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုအောင်သူက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ ” သူငယ်ချင်းတွေနဲ့ စိုင်းတင်ကို ဒီလ ၁၃ ရက်နေ့က အလည်သွားကြတယ်။ ရေကူးနေရင် နစ်မြုပ်သွားတာ သူငယ်ချင်းတွေ လိုက်ကယ်ဆယ်လို့ မရလိုက်ဘူး။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကမှ အလောင်းကို စိုင်းတင်ရေတံခွန် ဒုတိယ အထပ် ရေချောင်းထဲမှ ရှာဖွေတွေ့ ရှိတာပါ “ဟု ပြောသည်။
ကိုကောင်းခန့်ကျော်သည် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စိုင်းတင်ရေတံခွန်ကို မရောက်ဖူးရာမှ လာရောက်လည်ပတ်စဉ် ယခုလို ဝမ်းနည်းဖွယ်ရာဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဘူးသီးတောင်ဒေသခံ ကိုနိုင်လင်းဦးက ပြောသည်။
စိုင်းတင်ရေတံခွန်မှ ဘူသီးတောင်မြို့မိသားစုများက အကူအညီတောင်းလာသောကြောင့် ဆီမီးခွက်နာရေးကူညီမှုအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် အနောက်တံခါးလူမှု ကူညီ ကယ်ဆယ်ရေး အသင်းတို့ ပူပေါင်းပြီး ဆေးရုံရင်ခွဲရုံ အခမဲ့ပို့ ဆောင်ပြီး လိုအပ်သည်များကို ကူညီပေးခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
https://www.facebook.com/151742128171206/posts/4057904417554938/