စာရေးဆရာ ဝေဟင်အောင်အား ပြည်သူများမှ စစ်တွေလေဆိပ်တွင်ကြိုဆို

Western News- ဖေဖော်ဝါရီ ၁၆ ရက်

ရသေ့တောင်စာပေဟောပြောပွဲကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လွတ်လာသည့် စာရေးဆရာဝေဟင်အောင်အား ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရခိုင်ပြည်သူ ၃၀၀ ခန့်က စစ်တွေလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ကြသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သည့်ပြည်ထောင်စုနေ့တွင် မြန်မာနိုင်ငံတဝှမ်းလုံးမှ အကျဉ်းသားနှစ်သောင်းကျော်ကို လွှတ်ပေးခဲ့ပြီး ယင်းအထဲတွင် ဒေါက်တာအေးမောင်နှင့်အတူ စာရေးဆရာဝေဟင်အောင်လည်းပါဝင်လာခဲ့သည်။စာရေးဆရာဝေဟင်အောင်နှင့် အတူလွတ်မြောက်လာသည့် ဒေါက်တာအေးမောင်မှာ ယနေ့ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရခိုင်သို့ပြန်လာရန်ပြင်ဆင်ခဲ့သော်လည်း ကျန်းမာရေးကိစ္စတခုကြောင့်ရက်ရွေ့ဆိုင်းလိုက်ရပြီး ပြန်လာမည့်နေ့အားကြိုတင်အသိပေးသွားမည်ဖြစ်သည်ဟု ဒေါက်တာအေးမောင်၏သားဖြစ်သူ ကိုတင်မောင်ဝင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

https://www.facebook.com/102405104899336/posts/232244831915362/

Leave a Reply

Your email address will not be published.