By Western News / February 9 / 2021

Western News – ဖေဖော်ဝါရီ ၉ ရက်
ပြည်းတွင်းနေရပ်စွန့်ခွာသူများနှင့် IDP ကန့်များကို အဖြစ်နိုင်ဆုံးနေရပ်ပြန်နိုင်စေရေးဆွေးနွေးဆောင် ရွက်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြေားကြားသည့် မိန့်ခွန်း၌ပြောဆိုခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ် မင်းအောင် လှိုင်က ပြည်တွင်းနေရပ်စွန့်ခွာသူများ၊IDP ကန့်များကိုလည်း အဖြစ်နိုင်ဆုံး နေရပ်ပြန်နိုင်စေရေးအတွက် ဆွေး နွေးဆောင်ရွက်သွားပါမယ်ဟုပြောကြားခဲ့သည်။
စစ်ဘေးရှောင်များနေရပ်ပြန်နိင်ရန် မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန်အဆိုကို ယခင်အဆစိုးရလက် ထက်ကတည်းက ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့ကြား ၂နှစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက် ရခိုင်ပြည်မြောက်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်မြို့နယ်မှ ကျေးရွာပေါင်း ၄၈ ရွာမှနေအိမ် ၂၀၀၅ အိမ်မီးရှုံ့ခံခဲ့ရသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွား ရာအနီးရှိ ကျေးရွာများမှာ ဒေသခံများမှာ မိမိတို့ကျေးရွာတွင် မနေရဲတော့ပဲ နေရပ်ကိုကိုစွန်ခွာကာ စစ်ဘေး ဒုက္ခ သည်စခန်းတွင်နေထိုင်နေကြသည်မှာ တစ်ချို့က ၃ နှစ်နီးပါးထိကြာမြင့်နေပြီဖြစ်သည်။
ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားကာ မိမိတို့ရပ်ရွာနှင့် အိုး၊အိမ်၊စည်းစိမ်ကိုစွန့်၍ စစ်ဘေးဒုက္ခသည်စခန်း၌ နေထိုင်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၃ လကျော်ထိကြာမြင့်နေပြီဖြစ် သည့် အတွက် စစ်ဘေးရှောင်တစ်ချို့မှာ မိမိတို့ဒေသကိုသွားရောက်နေထိုင်နေကြပြီဖြစ်သည်။
သို့သော် တစ်ချို့သော ရပ်ရွာမှားမှ စစ်ဘေးဒုက္ခသည်များမှာ ၎င်းတို့ ရပ်ရွာနှင့် ရပ်ရွာအနီး၌ မြန်မာ့တပ်မတော်က တပ်စွဲထားမှုများရှိနေသည့်အတွက် အိမ်မပြန်ရဲကြပေ။
တချို့တွင် တိုက်ပွဲအတွင်း နေအိမ်များ မီးလောင်ဆုံးရှုံး ခဲ့သည့်အတွက် အိမ်ကိုမပြန်နိုင်သေးဘဲ စစ်ဘေးဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်နေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ရက်နေ့ထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးREC ၏စာရင်းအရ ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးတွင်နေထိုင်သည့် စစ်ဘေးရှောင်ဦးရေမှာ ၂၃၄၉၀၅ ဦးထိရှိသည်။
နိုဝင်ဘာလထဲမှစ၍ တိုက်ပွဲရပ်တန့်နေ သည့်အတွက် နေရပ်ကိုပြန်သွားသဖြင့် ဒီဇင်ဘာ ၃ရက်နေ့အထိ REC ၏စာရင်းအရ စစ်ဘေးဒုက္ခသည်စခန်းပြင်ပနှင့်စခန်းထဲတွင်နေထိုင်သည့် ဦးရေမှာ ၁၉၄၀၉၄ ဦးထိရှိသည်။
https://www.facebook.com/102405104899336/posts/227487589057753/