စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ ဘာတွေလိုအပ်နေတာလဲ

By Development Media Group/ Frbruary 26 /2021

ရခိုင်ပြည်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (၂)နှစ်တာကာလအတွင်း ဒေသခံ ပြည်သူ နှစ်သိန်းသုံးသောင်ကျော် အိုးအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်အဖြစ်ကို ရောက်သွားခဲ့ရပါတယ်။၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမတိုင်မီကစလို့ တိုက်ပွဲတွေရပ်တန့်နေတာဟာ လက်ရှိမှာ သုံးလခန့်အထိကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေရပ်တန့်နေတာကြောင့် မိမိတို့အလုပ်အကိုင်ကိုလုပ်ဖို့ စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွားကြတဲ့ အတွက် လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းရှစ်သောင်းကျော်အထိကျန်ရှိနေပါတယ်။ စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွားကြပေမယ့် အများစုကတော့ နေရပ်မပြန်နိုင်ကြသေးတာဖြစ်ပါတယ်။ စစ်ဘေးရှောင် တစ်သိန်းကျော်ဟာ ဘာကြောင့်နေရပ်မပြန်နိုင်သေးတာပါလဲ၊ နေရပ်ပြန်ဖို့အတွက် ဘာတွေလိုအပ် နေတာလဲဆိုတာကို DMG က စစ်ဘေးရှောင်တွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

https://www.facebook.com/dmgnewsagency/videos/3254578447975121

https://www.facebook.com/466648543487562/posts/1953376361481432/

Leave a Reply

Your email address will not be published.