စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန် တင့်ကား၊ စစ်ကား၊ Water Cannon ကားများဖြင့်လှည့်လည်ပြီး အသံချဲ့စက်ဖြင့် ဆော်ဩ

By Narinjara / February 14 / 2021

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၄ / ၂၀၂၁

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် ယနေ့ ညနေ ၈ နာရီအချိန်ခန့်က တင့်ကား၊ စစ်ကား၊ Water Cannon လှည့်လည်ပြီး စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန် အသံချဲ့စက်ဖြင့် ပထမဆုံး အကြိမ် ဆော်ဩသည်ဟု သတင်းရရှိသည်။စစ်တွေမြို့ လမ်းမကြီးတစ်လျှောက်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ထိုသို့ လှည့်လည် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ဆော်ဩရာတွင် “ဒေသအတွင်းရှိပြည်သူများ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စုပေါင်းပြီး လှည့်ကင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်အတွင်း အေးချမ်းစွာနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်” ဟု မြန်မာ ၊ ရခိုင်ဘာသာစကားနှစ်မျိုးလုံးဖြင့် နှိုးဆော်သွားသည်။

https://www.facebook.com/151742128171206/posts/4045801565431890/

Leave a Reply

Your email address will not be published.