စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်တွင် ဖမ်းဆီးခံထားရသူ ၁၉ ဦးထိရှိလာ

By Western News/ 2021 February 17

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှုးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLDပါတီဝင် ၄ ဦး၊ ဒေသခံ ၆ ဦးတို့ဖမ်းဆီးခံထားရသည်။ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဦးညီပု၏ ကိုယ်ရေးအရာရှိ ကိုကြည်စိုးထွန်း၊ ဂွမြို့ ရွာမရပ်ကွက် အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုးလွင်(ခေါ်) လူနီတို့ဖြစ်သည်။ ရမ်းဗြဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကျင်သောင်း၊ အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးခင်မောင်ချေ၊ ဂွမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမြင့်ဆန်း၊ မာန်အောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစန်းလွင်၊တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြင့်လွင်၊အတွင်‌ရေးမှုး ဒေါ်အိသဇင်ကျော်တို့ဖြစ်သည်။ ဂွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်နှင့် တောင်ကုတ်မြို့နယ်ပြည်နယ်လွှတ်တော်ကုယ်စားလှယ် ဦးမင်းအောင်တို့လည်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ၍ဖမ်းဆီးခံထားရသူများမှာ တောင်ကုတ်မြို့မှ NLDပါတီဝင် ဦးချစ်မောင်မောင်၊ NLD ပါတီလူငယ် တာဝန်ခံ ကိုဇော်ဝင်းအောင် နှင့် ၊ NLDပါတီဥက္ကဌ ဦးတင်သိန်းအောင်၊ ပါတီဝင်ကို သန့်ဇင်ဖြိုးနှင့် ဒေသခံ ဦးခင်သန်းတို့ ဖြစ်ပြီး သံတွဲမြို့မှ မမြဝင်း၊ ကိုအောင်ခိုင်မြင့်နှင့် ကိုမောင်မောင်တို့ဖြစ်သည်။

https://www.facebook.com/102405104899336/posts/232954125177766/

Leave a Reply

Your email address will not be published.