စစ်တပ်အာဏာသိမ်းဆန့်ကျင်ဆန္ဒ​ရာတွင်ဦးဆောင်ခဲ့ကြသည့် မာန်အောင်မြို့ NLD ပါတီဝင် ၂ ဦးအား ရဲစခန်းမှ ခေါ်ယူ

By Western News/ 2021 February 9

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် NLD ပါတီဝင် ၂ ဦးအား မာန်အောင်မြို့မ ရဲစခန်းမှ ရဲစခန်းသို့ လာရန် ဖုန်းဆက်ခေါ်ကြောင်း သိရသည်။
ရဲစခန်းသို့ လာရန် ခေါ်ခံရသူ ၂ ဦးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဘိုးနွဲ့ အသက် ၆၆ နှစ်နှင့် ဒေါ်ခင်ထိပ်ထားလှိုင် အသက် ၂၇ တို့ဖြစ်ကြသည်။
လှုပ်ရှားဆန္ဒပြမှုနှင့်ပတ်သက်၍ ယခု ရဲစခန်းသို့ ခေါ်သည်မှာ ဒုတိယအကြိမ် ခေါ်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက် ယမန့်နေ့ကလည်း ရဲစခန်းသို့ ခေါ်၍ သွားခဲ့ရပြီဖြစ်ကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်းက မာန်အောင်မြို့တွင် လူအင်အား ၅၀၀ ခန့် စစ်တပ်၏ အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒမှုတွင် ပါဝင်ခဲ့ကြကြောင်းသိရသည်။

https://www.facebook.com/102405104899336/posts/227659062373939/

Leave a Reply

Your email address will not be published.